သိပ်သည်းခြင်း
From Wikipedia, the free encyclopedia
Remove ads
သိပ်သည်းမှု (အင်္ဂလိပ်: density) ဆိုသည်မှာ ထုထည်မည်မျှအတွင်း၌ ဒြပ်ထုပမာဏ မည်ရွေ့မည်မျှ ဖြန့်ကျက်နေရာယူလျက် ဖြစ်တည်နေကြောင်း ဖော်ညွှန်းသည့် တိုင်းဖွယ်ဖြစ်သည်။
ဖြစ်သည်။
- က သိပ်သည်းမှု ပမာဏ (density)၊
- က ဒြပ်ပမာဏ၊
- က ထုထည် အရွယ်အစား ဖြစ်သည်။
ထို့ကြောင့် ထုထည်ပမာဏ ()ချင်း တူလျက် သံဒြပ်သားတို့က ပမာဏ ပိုများများ၊ သစ်သားဒြပ်သားတို့က ပမာဏ ပိုနည်းနည်း ပါရှိလျှင် သံ၏ သိပ်သည်းမှုက သစ်သား၏ သိပ်သည်းမှုထက် ပိုများသည်ဟု ဆိုလိုပြီးသား ဖြစ်နေမည်။ သို့ဖြင့် အရွယ်အစားချင်း တူသည်တွင် သံတုံးက သစ်သားတုံးထက် ပိုလေးနေမည် ဖြစ်သည်။
သို့တည်းမဟု ဒြပ်ပမာဏ ()ချင်း အတူတူ ရှိနေစေရန် သတ္တုက ထုထည် () အနည်းငယ်နှင့်ပင် ဖြစ်နိုင်စဉ်တွင် ဆန်စပါးက ထုထည် () ပိုများများရှိမှ ထိုဒြပ်ပမာဏ ထွက်ပေါ်စေနိုင်သဖြင့် သတ္တုက ဆန်ထက် သိပ်သည်းမှု ပိုသည်ဟု ဆိုရမည်။ သို့ဖြင့် ချိန်ခွင်တွင် ထုထည်သေးသေး အလေးတုံးနှင့် ထုထည်ကြီးကြီး ဆန်ထုပ်တို့ ဘက်မျှနေသည်ကို တွေ့နိုင်သည်။
Remove ads
ကိန်းဂဏန်းနှင့် ဥပမာ
အရာဝတ္ထုတစ်ခု၏ဒြဗ်ထုသည် ၄၈ ဂရမ်ရှိ၍ ထုထည်သည် ၁၂ ကစ(ကုဗစင်တီမီတာ)ရှိသည်ဆိုပါစို့။ ထိုအရာဝတ္ထု၏ သိပ်သည်းခြင်းသည် တစ်ကုဗစင်တီမီတာတွင် ရှိသောဂရမ်ဖြစ်သောကြောင့်
ဒြဗ်ထု= ၄၈ ဂရမ်
ထုထည်= ၁၂ ကစ
သိပ်သည်းခြင်း= ဒြဗ်ထု/ထုထည်=၄၈/၁၂ = ၄ ဂရမ်ဖြစ်သည်။
ထိုကြောင့် ထိုအရာဝတ္ထု၏သိပ်သည်းခြင်းသည် တစ်ကုဗစင်တီမီတာလျှင် ၄ ဂရမ်လေးသည်ဟု အဓိပ္ပာယ်ရသည်။
တစ်ဖန် အရာဝတ္ထုတစ်ခု၏ဒြဗ်ထုသည် ပေါင် ၂ဝလေး၍ ထုထည်သည် ၈ကုဗပေရှိလျှင်
ဒြဗ်ထု= ၂ဝပေါင်၊
ထုထည်= ၈ ကုဗပေ၊
သိပ်သည်းခြင်း= ဒြဗ်ထု/ထုထည် =၂ဝ/၈ ပေါင် = ၂.၅ပေါင်ဖြစ်သည်။
အရာဝတ္ထုအမျိုးမျိုးတွင် သိပ်သည်းခြင်းအမျိုးမျိုးရှိ၏။
ရေ၏သိပ်သည်းခြင်းသည် တစ်ကုဗစင်တီမီတာလျှင် တစ်ဂရမ်
ဖြစ်သည်။ ပြဒါး၏သိပ်သည်းခြင်းသည် တစ်ကုဗစင်တီမီတာ
လျှင် ၁၃.၆ ဂရမ်ဖြစ်သည်။ ထိုကြောင့်ပြဒါးသည်
ထုထည်တူညီသော ရေထက် ၁၃.၆ ဆလေးသည်။ [၁]
Remove ads
ဆက်စပ် ကြည့်ရှုဖွယ်
- သိပ်သည်းဆ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads