သိမ်ကြီးဈေး
From Wikipedia, the free encyclopedia
Remove ads
သိမ်ကြီးဈေး သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ ရှိ ဈေးတစ်ခု ဖြစ်သည်။

သမိုင်းကြောင်း
မြေနေရာအစ
ကိုလိုနီခေတ်၊ ရန်ကုန်မြို့ ကို သိမ်းယူပြီးစအချိန်တွင် ဗြိတိသျှအစိုးရသည် ဘာသာရေးအဆောက်အအုံများ၊ ဈေးများ နေရာချထားရေးအတွက် စီမံဆောင်ရွက်ရာတွင် ၎င်းနေရာများအတွက် မြေဂရန်များ အခမဲ့ ထုတ်ပေးခဲ့ရာ ယနေ့ သိမ်ကြီးဈေးဟုခေါ်တွင်ကြသော ဈေးမြေနေရာအနီးတွင် ဗုဒ္ဓဘာသာဝင်များအတွက် သိမ်ဆောက်လုပ်ရန် မြေဂရန်တစ်ခုထုတ်ပေးခဲ့သည်။[၁]
စူရတီဘားရားဘဇားမှ သိမ်ကြီးဈေးသို့
မော်လမြိုင်တွင် မြို့မဈေးကြီးကို တည်ထောင်ထားသော စူရတီ ဈေးကုမ္ပဏီ (Surati Burra Bazaar Company) က ၁၈၅၄ ခုတွင် အဖျက်ခံရသော ကျိုက်မြတ်သံချို စေတီ (ကျိုက်မဲ သံကရော စေတီ) ၏ ဘုရားဈေးတန်းနှင့် ပတ်ဝန်းကျင် မြေနေရာတွင် စူရတီဘားရားဘဇား (Surati Burra Bazaar) ကို အုတ်အဆောက်အုံအဖြစ် တည်ဆောက်သည်။
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုအစိုးရက ၁၉၅၁ ခု၊ ဩဂုတ်လ ၁ ရက်နေ့တွင် သိမ်ကြီးဈေးအဆောက်အအုံများကို မူလကုမ္ပဏီထံမှ သိမ်ကြီးဈေးအုပ်ချုပ်ကြီးကြပ်ရေးအဖွဲ့၏ လက်အောက်သို့ လွဲပြောင်းအုပ်ချုပ်စေခဲ့သည်။[၂]
မူလဈေးရုံများ
စူရတီဘားရားဘဇား( မြန်မာတို့အခေါ် သိမ်ကြီးဈေး) တွင် မူလဈေးရုံများအဖြစ် အေရုံ၊ ဘီရုံ၊ စီရုံ၊ ဒီရုံနှင့် အီးရုံဟူ၍ ငါးရုံရှိသည်။ မြေကွက်ပေါင်း ၁၂၂ကွက် ပါဝင်သည်။
သိမ်ကြီးဈေး အေရုံ
အေရုံ ဈေးအဆောက်အအုံကို ၁၉၀၅ခုနှစ်တွင် စတင် ဆောက်လုပ်သည်။
သိမ်ကြီးဈေး ဘီရုံ
ဘီရုံကို ၁၉၃၈ ခုနှစ်တွင် စတင်ဆောက်လုပ်သည်။
သိမ်ကြီးဈေး စီရုံ
စီရုံ ဈေးအဆောက်အအုံကို ၁၉၂၈ခုနှစ်တွင် စတင် ဆောက်လုပ်သည်။
သိမ်ကြီးဈေး ဒီရုံ
ဒီရုံ ဈေးအဆောက်အအုံကို ၁၉၀၆ခုနှစ်တွင် စတင် ဆောက်လုပ်သည်။
Remove ads
အကိုးအကားများ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads