သိမ်ဖြူအားကစားကွင်း

From Wikipedia, the free encyclopedia

သိမ်ဖြူအားကစားကွင်းmap
Remove ads

သိမ်ဖြူအားကစားကွင်း သည် ရန်ကုန်မြို့တွင် တည်ရှိသည့် လက်ဝှေ့အားကစားကွင်းတစ်ခု ဖြစ်သည်။[] ဤကွင်းတွင် လူပေါင်း ၅၂၀၀ ကျော်ဝင်ဆံ့သည်။ မြန်မာနိုင်ငံရှိ လက်ဝှေ့အားကစားရုံများတွင် လူသိအများဆုံး ဖြစ်သည်။[] အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းလက်ဝှေ့ပွဲများ အများစုကို ဤကွင်းတွင် ကျင်းပလေ့ရှိသည်။ ဤကွင်းကို မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးကြပ်ကွပ်ကဲလျက်ရှိသည်။[]

အချက်တိုများ တည်နေရာ, ကိုဩဒိနိတ် ...
Remove ads

အကြောင်းအရာ

မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေးဦးစီးဌာန၏ အောက်တွင် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်များကတည်းက သိမ်ဖြူကွင်းတွင် ရုံးခန်းတစ်ခု ထားရှိခဲ့သည်။[]

လက်ဝှေ့

Thumb
လက်ဝှေ့ပွဲများ ကျင်းပနေပုံ

၁၉၉၆ ခုနှစ်ကတည်းက အားကစားရုံတွင် ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲများကို ကျင်းပခဲ့သည်။ []

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဤအားကစားရုံ၌ ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲ WLC 11: Battlebones ကို ကျင်းပခဲ့သည်။[]

လေ့ကျင့်ခြင်း

၂၀၂၀ ခုနှစ်

၂၀၂၀ ခုနှစ် မတ်လတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသဖြင့် လက်ဝှေ့ပွဲများအားလုံးကို ပယ်ဖျက်ခဲ့ရသည်။[] ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အားကစားကွင်းအား နိုင်ငံရပ်ခြားမှ ပြန်လာသူများအတွက် စောင့်ကြည့်စစ်ဆေးသည့်စင်တာ အဖြစ် အသုံးပြုခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads