သိမ်းဝေ

တရုတ်နွယ်ဖွားစီးပွားရေးလုပ်ငန်းရှင် From Wikipedia, the free encyclopedia

Remove ads

ဦးသိမ်းဝေ (ခ) Serge Pun[] သည် တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်သည်။ သူသည် မြန်မာနိုင်ငံအခြေစိုက် ရိုးမဘဏ် အား ဦးဆောင်ပြီး ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာများ နှင့် စတော့အိတ်ချိန်းလုပ်ငန်း များ ပါဝင်သည့် Serge Pun & Associates Group [] ကို တည်ထောင်သူလည်း ဖြစ်သည်။

အချက်တိုများ သိမ်းဝေ, မွေးဖွား ...
Remove ads

ငယ်ဘဝ

ဦးသိမ်းဝေကို ရန်ကုန်တွင် မွေးဖွားခဲ့သည်။ ဗမာ-တရုတ်နွယ်ဖွားဖြစ်သည်။ စိန်ပေါလ်ကျောင်းဟု အများခေါ်သည့် အ.ထ.က(၆) ဗိုလ်တထောင် ကျောင်းတွင် တက်ရောက် ပညာသင်ကြားသည်။ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးနောက် နိုင်ငံခြားသားပိုင် နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းလိုက်သည့်အတွက် ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့ သို့ ၎င်းတို့မိသားစု ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အသက် ၁၂ နှစ်အရွယ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်အစွန်အဖျားရှိ “အစောင့်နီ” အလုပ်စခန်းသို့ ပို့လွှတ်ခြင်းခံခဲ့ရသည်ဟုလည်း ဆိုသည်။[] ၁၉၇၃ ခုနှစ်တွင် ဟောင်ကောင် သို့ ထပ်မံ ပြောင်းရွှေ့ကာ လှေငယ်ကလေးတစ်စင်းဖြင့် သင်္ဘောများသို့ စားသောက်ဖွယ်ရာများပို့ဆောင်ပေးသည့် အလုပ်လုပ်ခဲ့သည်။ ယင်းနောက် ဟောင်ကောင် အိမ်ခြံမြေတွင် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။

Remove ads

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း

ဦးသိမ်းဝေသည် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး မော်တော်ကားထုတ်လုပ်ရေး၊ ငွေကြေးဝန်ဆောင်မှုများ၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာ၊ ဆောက်လုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ကဏ္ဍများစွာကို လွှမ်းခြုံထားသည့် Serge Pun & Associates ကို တည်ထောင်လုပ်ဆောင်သည်။ ၎င်းသည် အများပိုင်ကုမ္ပဏီဖြစ်သော First Myanmar Investment Co Ltd (FMI)ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင်တည်ထောင်သည်။[] ၁၉၉၃ ခုနှစ်တွင် ဦးသိမ်းဝေသည် ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ပုဂ္ဂလိကဘဏ်ဖြစ်သော ရိုးမဘဏ်ကို ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်တွင် တည်ရှိသည့် ၁၀ ဧက[] ကျယ်ဝန်းသော Yoma Central စီမံကိန်းကို ဆောင်ရွက်သည်။ယင်းစီမံကိန်းသည် ရိုးမအုပ်စု[] နှင့် ဂျပန် မစ်ဆူဘီရှိကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ကိုင်ကာ ဒေါ်လာသန်း ၈,၀၀ တန်သည်။[] အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်လက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ ကလည်း အဆိုပါစီမံကိန်းတွင် ၁၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။ ယင်းအပြင် ဦးသိမ်းဝေသည် ဝေဖန်မှုမျိုးစုံရှိခဲ့သည့် တရုတ်က ဘီလီယံနှင့် ချီ ရင်းနှီးမြှုပ်နှံတည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်း[]၏ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (NYDC)[] တွင်လည်း ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်ခြင်းလည်း ရှိခဲ့သည်။[၁၀]

Remove ads

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ

စစ်ကောင်စီဥက္ကဋ္ဌနှင့်ဘဏ်လုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ တက်ရောက်သူများထဲ ဦးသိမ်းဝေလည်းပါဝင်သည်။[၁၁]၎င်းဦးဆောင်သည့် ရိုးမအုပ်စုသည် မြန်မာစစ်တပ်နှင့် စီးပွားရေးအရ ကြီးစွာပတ်သတ်နေကြောင်း ဖော်ထုတ်ခံရသည်။[၁၂]စစ်ကောင်စီနှင့်နီးကပ်သည့်ဆက်ဆံရေးရှိသူဟု ဖော်ညွှန်းခံရကာ သီရိပျံချီဘွဲ့အပ်နှင်းခံရသည့်အထိ ပတ်သက်သည်။ စစ်တပ်ပိုင် မိုဘိုင်းအော်ပရေတာ မိုင်တဲလ်အတွက် တာဝါတိုင်များ တည်ဆောက်ဖို့ ချေးငွေထုတ်ပေးသည်။[၁၃]စစ်တပ်နှင့်စီးပွားရေးပတ်သတ်မှုရှိ၍ နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝေဖန်ခြင်းကိုလည်း ခံရသည်။[၁၄] ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ၎င်းဦးဆောင်သော ရိုးမဘဏ်တွင် ရင်းနှီးမြှုပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ညီမျှသည့် ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းအား ရုပ်သိမ်းသည်။ [၁၅]သူသည် လူထုပိုက်ဆံဖြင့် စစ်ကောင်စီ၏ ဘဏ္ဍာတိုက်ကို ဖြည့်စည်းပေးသည့် ပုဂ္ဂလိကဘဏ်သူဌေးကြီးများထဲ ပါဝင်သူဟု Myanmar Now က ဖော်ညွှန်းသည်။ ၎င်းပိုင် ရိုးမဘဏ်က စစ်ကောင်စီ၏ ငွေတိုက်စာချုပ်ရောင်းချပွဲ၌ ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော်အထိ လေလံဝင်ဆွဲသည်။ [၁၆] [၁၇]

မိသားစုဘဝ

ဦးသိမ်းဝေသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သား ၄ ဦးရှိသည်။

ရရှိခဲ့သောဆုများ

၁၉၉၉ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်က ဆာ့ခ်ျဖန်ကိုစီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Doctorate of Philosophy in Business Administration) ချီးမြှင့်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဩဂုတ်လထုတ် Forbes Asia က စင်္ကာပူ၏ အချမ်းသာဆုံး ၅၀ စာရင်းတွင် ၎င်းအား နံပါတ် ၃၈ နေရာတွင်ဖော်ပြခဲ့သည်။[၁၈] ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သီရိပျံချီဘွဲ့ ချီးမြှင့်ခဲ့သည်။[၁၉]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads