ဉာဏဗေဒ

From Wikipedia, the free encyclopedia

Remove ads

အက်ပီစတမ်မိုလော်ဂျီ (Epistemology ) ဆိုသည်မှာ ဒဿနိကဗေဒ၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး အသိပညာ (knowledge) ၏ သဘာဝနှင့် ပမာဏ(အကန့်အသတ်) တို့ အကြောင်းကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ ထိုဘာသာရပ်မှ

  • အသိပညာ ဆိုသည်မှာ အဘယ်နည်း။
  • အသိပညာကို မည်သို့ ရယူနိုင်မည်နည်း။
  • ကျွန်ုပ်တို့ မည်သည့်အရာများကို သိထားသလဲ ဆိုသည်ကို မည်သို့မည်ပုံ သိရှိနိုင်မည်နည်း။

စသည့် မေးခွန်းများ၏ အဖြေကို ရှာဖွေခြင်း ဖြစ်သည်။

ဤနယ်ပယ်တွင် ရှိသော ငြင်းခုံဆွေးနွေးမှု အများစုမှာ အသိပညာ၏ သဘာဝကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ၎င်းမှ အမှန်တရား၊ ယုံကြည်မှု၊ ကျိုးကြောင်းဆင်ခြင်မှု တို့နှင့် မည်သို့မည်ပုံ ဆက်စပ်နေသည်ကို ဦးတည်ဆွေးနွေးလေ့ ရှိသည်။ ထို့အပြင် အသိပညာကို မည်သို့မည်ပုံ ထုတ်လုပ်ဖြန့်ဖြူးသည် ဆိုသော အချက်ကိုလည်း လေ့လာလေ့ ရှိပြီး အသိပညာနှင့် ပတ်သက်သော ကြေညာဖော်ထုတ်ချက်များကို ဝေဖန်ဆန်းစစ်လေ့ ရှိသည်။

ထိုအသုံးအနှုန်းကို စကော့လူမျိုး အတွေးအခေါ်ပညာရှင် ဂျိမ်းစ် ဖရက်ဒရစ် ဖယ်ရီယာ (၁၈၀၈-၁၈၆၄) က စတင် သုံးနှုန်း ခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads