သီရိခေတ္တရာပြတိုက်

From Wikipedia, the free encyclopedia

သီရိခေတ္တရာပြတိုက်
Remove ads

သီရိခေတ္တရာပြတိုက်သည် ပဲခူးတိုင်းဒေသကြီးပြည်မြို့နယ်မှော်ဇာရွာတွင် တည်ရှိသည့် ပြတိုက်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြတိုက်များတွင် ရှေးအကျဆုံးဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။[]

Thumb
သီရိခေတ္တရာပြတိုက်

ပြသထားသည်များ

ပြတိုက်တွင် ပျူလူမျိုးတို့၏ ရှေးဟောင်းပစ္စည်းများကို တစ်စုတဝေး ထိန်းသိမ်းပြသထားသည်။ ပြသထားသည့် ပစ္စည်းများမှာ သဲကျောက်ဖြင့် ပြုလုပ်ထားသော ကျောက်အရိုးအိုးများ၊ ဌာပနာတိုက်ဖုံး ကျောက်ပြားများ၊ အဝလောကီတေသွာရ (လောကနာထကျောက်ရုပ်ကြွ၊ တာရာဒေဝီ နတ်သမီးကျောက်ရုပ်ကြွ)၊ ပျူကချေသည် ကြေးရုပ်ငါးရုပ်၊ ပျူပုတီးစေ့များ၊ သဲကျောက်ဖြင့် ပြုလုပ်ထားသော ဗိဿနိုးနတ်မင်း နှင့် လက်ရှ်မီးရုပ်တု၊ သံပန္နက်တိုင်၊ ပလ္လင်လေးမျက်နှာတွင် ပျူစာပါသော သဲကျောက် ဗုဒ္ဓဆင်းတုတော်၊ အုတ်ခွက်များ၊ ဒင်္ဂါးပြားများ၊ အုတ်ကြွပ်အမိုးအပြားများ စသည့် ရှေးဟောင်းပစ္စည်းများ ဖြစ်သည်။ ပြတိုက်တွင် ပျူလူမျိုးတို့အကြောင်းကို လေ့လာကြည့်ရှုနိုင်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads