သီရိခေတ်
From Wikipedia, the free encyclopedia
Remove ads
သီရိခေတ် (အင်္ဂလိပ်: Sirikit; ထိုင်း: สิริกิติ์; ထိုင်းအသံထွက်: [sì.rì.kìt]; နားဆင် (ကူညီ·ချက်လက်)) သည် ထိုင်းနိုင်ငံ၏ ဘုရင့်မယ်တော် ဖြစ်သည်။ နတ်ရွာစံဘုရင်ကြီး ဘူမိဗလ်အဒုလျဒေက်ျ ၏ မိဖုရားဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဘုရင် ဝချိလာလောင်ကွန်း၏ မယ်တော် ဖြစ်သည်။ ဘုရင်ဘူမိဗလ် နှင့် ပဲရစ်မြို့တွင် တွေ့ခဲ့သည်။ ဘုရင်ဘူမိဗလ် ဘိသိက်မသွန်းမီ ၁၉၅၀ခုနှစ်တွင် ထိမ်းမြားခဲ့သည်။ သူသည် ဘူမိဘောဘုရင် သာသနာ့ဘောင်အတွင်း ခေတ္တဝင်ရောက်နေစဉ်
၁၉၅၆ခုနှစ်က ဘုရင်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘုရင်ဘူမိဗလ် နှင့် မိဖုရားသီရိခေတ်တို့တွင် သားတစ်ယောက်နှင့် သမီးသုံးယောက်ရှိကြသည်။ ဘုရင်ဘူမိဗလ်မှာ ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်ဖြစ်သည့်အလျောက် မိဖုရားသီရိခေတ်မှာလည်း ကမ္ဘာ့နန်းသက်အရှည်ဆုံး မိဖုရားခေါင်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၂ခုနှစ် ဇူလိုင်လ၂၁ရက်နေ့တွင် လေဖြတ်ရောဂါခံစားရပြီး လူထုမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။
Remove ads
အစောပိုင်းဘဝနှင့် မိသားစု
သူ့ကို ၁၉၃၂ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မိခင်ဖက်မှ အဘိုးဖြစ်သူ၏အိမ်တွင် မွေးဖွားခဲ့သည်။ သူသည် နက္ခတြ မင်္ဂလ၏ တတိယမြောက်ကလေးဖြစ်ကာ သမီးအကြီးဖြစ်သည်။ ပြဇာဓိပကဘုရင်၏ မိဖုရားဖြစ်သူ ရမ်ဘိုင်ဘာနီမှ "သီရိခေတ်"ဟုအမည်ပေးခဲ့ပြီး အဓိပ္ပာယ်မှာ ကီတိယကရ၏ ကြီးမြတ်ခြင်းဟုရသည်။ [၁]
သူ့တွင် အစ်ကို (၂) ယောက်နှင့် ညီမ (၁) ယောက်၊ မွေးချင်း (၃) ယောက်ရှိသည်။ ဖခင်ဖြစ်သူ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးတွင် အတွင်းဝန်ဖြစ်စဉ်ကပင် သူသည် ငယ်စဉ်ကပင် မိခင်ဖက်မှ အဘိုးအဘွားများနှင့်ကြီးပြင်းခဲ့သည်။ (၃) လအကြာတွင် မိခင်ဖြစ်သူမှာ ဖခင်နောက်လိုက်သွားသည်။ တစ်နှစ်အကြာတွင် မိဘများသည် ထိုင်းသို့ပြန်လာကြသည်။[၂]
Remove ads
ပညာရေး

အသက်လေးနှစ်အရွယ်တွင် ရာဂျီနီကျောင်းတွင် မူကြိုစတက်ခဲ့ပြီး မူလတန်းအထိသင်ခဲ့သည်။ ထိုအချိန်က ပစိဖိတ်စစ်ပွဲဖြစ်ပွားနေသည်။ ဘန်ကောက်တွင် ကြိမ်ဖန်များစွာ ဗုံးထိခဲ့သည်။ အထူးသဖြင့် ရထားလမ်းများဖြစ်ရာ သွားရေးလာရေး မလုံခြုံတော့ပေ။ ထို့ကြောင့် နေထိုင်ရာနန်းတော်အနီးရှိ ကျောင်းသို့ပြောင်းခဲ့သည်။
၁၉၄၆ခုနှစ်၊ စစ်ပြီးခါနီးတွင် ဖခင်ဖြစ်သူ ဗြိတိန်သို့ပြောင်းရာ မိသားစုကိုပါခေါ်သွားခဲ့သည်။ ထိုစဉ်က သီရိခေတ်မှာ အသက်၁၃နှစ်သာရှိသေးသည်။ အင်္ဂလန်တွင် စန္ဒယားတီးစသင်ခဲ့သည်။ ဖခင်မှာ သံတမန်ဖြစ်၍ ပြင်သစ်နှင့် ဒိန်းမတ်ကိုပါ ပြောင်းရရာ အင်္ဂလိပ်နှင့် ပြင်သစ်စကားကိုလည်း ကျွမ်းကျင်လာသည်။ ပြင်သစ်တွင်နေထိုင်စဉ်က ဂီတအကယ်ဒမီတစ်ခုကိုလည်း တက်ခဲ့သည်။
ပြင်သစ်တွင်ပင် ဘုရင်ဘူမိဘောနှင့်တွေ့ဆုံခဲ့သည်။ နှစ်ဦးလုံးမှာ ချူလာလောင်ကွန်းဘုရင်၏ အနွယ်တော်များပင်ဖြစ်သည်။
Remove ads
ထိမ်းမြားခြင်း
၁၉၄၈ခုနှစ် အောက်တိုဘာ၄ရက်နေ့တွင် ဘုရင်ဘူမိဘောမှာ ဖီယယတ်တိုပိုလီနိုကားဖြင့် လူဆန်မြို့အပြင်ဘက် ၁၀ကီလိုမီတာအကွာ ဂျီနီဗာ-လူဆန်လမ်းပေါ်တွင် ဘရိတ်အုပ်လိုက်သော ထရပ်ကား၏ နောက်ပိုင်းကို တိုက်မိလေသည်။နောက်ကျောပိုင်း၊ မျက်နာနှင့် မျက်လုံးတွင် အပြင်းအထန်ဒဏ်ရာ ရသွားခဲ့သည်။[၃][၄]လူဆန်မြို့တွင် ဆေးရုံတက်နေစဉ် သီရိခေတ်မှာ မကြာခဏ လာလေ့ရှိသည်။ မယ်တော်ဆန်ဝမ် တလပတ်နှင့်တွေ့ကာ မယ်တော်က သားတော်ဘူမိဘောနှင့် ပို၍ရင်းနီးရန် အနီးအနားတွင် ကျောင်းပြောင်းတက်ရန် မေးခဲ့သည်။[၅]၁၉၄၉ခုနှစ် ဇူလိုင်၁၉ရက်နေ့တွင် တိတ်ဆိတ်စွာ စေ့စပ်ခဲ့ကြပြီး ဘိသိက်မခံမီ တစ်ပတ်အလို ၁၉၅၀ခုနှစ် ဧပြီ (၂၈) ရက်နေ့တွင် ထိမ်းမြားခဲ့ကြသည်။ သူတို့၏ လက်ထပ်ပွဲကို နယူးယောခ့်တိုင်းမ်သတင်းစာက ဆင်နှင့် ထီးဖြူမြေမှ အရိုးရှင်းဆုံး လက်ထပ်ပွဲဟု ဖော်ပြခဲ့သည်။
ဘူမိဘောဘုရင်နှင့် မိဖုရားသီရိခေတ်တို့တွင် သားသမီး လေးပါးရှိသည်။
မိဖုရားဖြစ်လာခြင်း
လက်ထပ်စဉ်အခါက သီရိခေတ်မှာ ၁၈နှစ်မပြည့်သေးပေ။ ချက္ကရီနန်းဆက်မှ အမိန့်ခံယူပြီးနောက် မိဖုရားဖြစ်လာခဲ့သည်။ ၁၉၅၀ခုနှစ် မေလ၅ရက်နေ့တွင် ဘိသိတ်ပွဲအပြီး ပညာဆက်လက်သင်ရန် ဆွစ်ဇာလန်သို့ ပြန်လာခဲ့ကြပြီး ၁၉၅၂တွင် ထိုင်းနိုင်ငံသို့ ပြန်ရောက်ကြသည်။
ဘုရင်ခံ



ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့အတိုင်း ဘုရင်ဘူမိဘောမှာ ၁၉၅၆ခုနှစ်တွင် သာသနာ့ဘောင်အတွင်း ခေတ္တဝင်ရောက်ခဲ့သည်။ ထိုအချိန်အတွင်း မိဖုရားမှာ ဘုရင်ခံအဖြစ်ဆောင်ရွက်ခဲ့သည်။[၆]သူ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာဆောင်ရွက်ခဲ့၍ ထိုင်းနိုင်ငံ၏ ဘုရင်ခံအဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ ထိုင်းနိုင်ငံ၏ သမိုင်းတွင် ဒုတိယမြောက် ဘုရင်ခံမိဖုရားဖြစ်သည်။
Remove ads
ကျန်းမာရေး
၂၀၁၂ခုနှစ် ဇူလိုင်၂၁ရက်နေ့တွင် မူမမှန်ခြင်းခံစားရ၍စစ်ဆေးကြည့်ရာ လေဖြတ်ဝေဒနာခံစားနေရသည်။ ထိုစဉ်မှပင် လူထုမြင်ကွင်းမှ ပျောက်ကွယ်နေရာ ၂၀၁၂ခုနစ် ဒီဇင်ဘာလ၅ရက်နေ့က တော်ဝင်နန်းတော်တွင် ကျင်းပသော ဘုရင်ကြီး၏ ၈၅နှစ်ပြည့်မွေးနေ့ပွဲတွင်ပင် လူထုမြင်ကွင်း၌ ထွက်ပေါ်မလာခဲ့ပေ။
၂၀၁၆ခုနှစ် နိုဝင်ဘာ၂၆ရက်နေ့တွင် မိဖုရားမှာ နာလန်ထူပြီဖြစ်၍ ဆေးရုံမှ နန်းတော်သို့ ပြောင်း၍ စံမြန်းနေကြောင်း နန်းတော်မှထုတ်ပြန်ခဲ့သည်။[၇]
Remove ads
နိုင်ငံတွင်း ပြယုဂ်
မိဖုရား၏မွေးနေ့သည်လည်း ထိုင်းနိုင်ငံ၏ အားလပ်ရက်အဖြစ်သတ်မှတ်ထားပြီး "အမေနေ့"ဖြစ်သည်။ သူသည် ဘုရင်စနစ်ကို ဘုရားကဲ့သို့ကိုးကွယ်သော ထိုင်းနိုင်ငံတွင် ဝေးလံသောဒေသများနှင့် ရိုးရာကိုခုံမင်သောဒေသများတွင် အထူးလေးစားကြည်ညိုခံရသည်။ သူ၏ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မူဆလင်များအပေါ် သည်းခံနားလည်ပေးနိုင်မှုကြောင့် ထိုင်းမူဆလင်များအကြား ရေပန်းစားစေသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads