သီလရှင်

From Wikipedia, the free encyclopedia

သီလရှင်
Remove ads

သီလရှင် သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကျင့်စဉ်များကို ကျင့်သုံးသည့် အမျိုးသမီး ဖြစ်သည်။ ဘုရားရှင် ခွင့်ပြုတော်မူခဲ့သည့် ဘိက္ခုနီ သာသနာသည် ကွယ်ပျောက်ခဲ့ပြီး ဖြစ်သည်။

Thumb
ရန်ကုန်မြို့တွင် သီလရှင်များကို မြင်တွေ့ရပုံ

ဖြစ်ပေါ်လာခြင်း

သီလရှင်သည် သံဃာ့အဖွဲ့အစည်းမှ အပြည့်အဝဖြစ်တည် ပေါ်ထွန်းလာသော အဖွဲ့မဟုတ်ပေ။[] ထေရဝါဒဗုဒ္ဓသာသနာတွင် ဖြစ်တည်ပေါ်ပေါက်ခဲ့သည့် ဘိက္ခုနီသာသနာသည် ကွယ်ခဲ့ပြီး ဖြစ်သည်။

ဘုရားမပွင့်မီ ရှေးကာလက ပရိဗိုဇ်ဟူသည့် လူ့ဘောင်လူ့လောကကို ငြီးငွေ့ကာ တောတောင်သို့ ကပ်ရောက်ကာ နေကြသများ ရှိ၏။ ထိုပရိဗိုဇ်များသည် မြတ်စွာဘုရား၊ အရှင်သာရိပုတ္တရာ စသည်တို့နှင့် တွေ့သဖြင့် အမြင်မှန် ရခဲ့သည်များ များစွာရှိ၏။

ပရိဗိုဇ်အမျိုးအစားများထဲမှ ဂဏ္ဍရင်္ဂပရိဇ်နှင့် ပရိဗိုဇ်မတို့သည် မြတ်စွာဘုရား၏ ဗုဒ္ဓသာသနာနှင့် နီးစပ်ခဲ့ကြသည်။ သာသနာတော်အတွင်းသို့ ဝင်ရောက်ကာ ဘိက္ခု ဘိက္ခုနီများအဖြစ် ခံယူခဲ့ကြသည်။

မြတ်စွာဘုရား ခွင့်ပြုကာ တည်ထောင်တော်မူခဲ့သည့် ဘိက္ခုနီသာသနာတော်သည် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့သည် ။ ထိုအချိန်ကာလတွင် လူ့ဘောင်လူ့လောကကို ငြီးငွေ့သည့် အမျိုးသမီးများသည် ဘုရားသာသနာကို ကျင့်သုံးလျက် ဗုဒ္ဓသာသနာဝင် ပဏ္ဍရင်္ဂပရိဗိုဇ်မကလေးများ ဖြစ်လာကြမည်မှ ယုံမှားဖွယ် မရှိပေ။

ထို့ကဲ့သို့ သာသနာဝင် ပဏ္ဍရင်္ဂပရိဗိုဇ်မများသည် ယခုခေတ် သီလရှင်များ၏ မူလရင်းမြစ် ဖြစ်ပေသည်။[] ဤစာအုပ်ရေးသူမှာ - ရဝေထွန်း ဖြစ်သည်။

Remove ads

သီလစောင့်ထိန်းခြင်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads