သီဟကဏ္ဏမုဒြာ

From Wikipedia, the free encyclopedia

သီဟကဏ္ဏမုဒြာ
Remove ads

ခြင်္သေ့နားပုံသဏ္ဌာန် လက်ကွင်းဟန်ဖြစ်သည်။ ကဋကဟတ္ထဟုလည်း တခါတရံခေါ်သည်။

Thumb

လက်ချောင်း ထိပ်ဖျားများကို လက်မနှင့်ထိကာ ခြင်္သေ့၏နားရွက် ပုံသဏ္ဌာန်ကဲ့သို့ လက်ကွင်း၍ ပြထားသော ဟန်မျိုးဖြစ်သည်။

ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး (၃၂)ရပ်ကို ရည်ညွှန်းဟန် တူသည်ဟု အချို့က ယူဆကြသည်။

ဝီရရသကို ပေါ်လွင်စေသည်။

ဝီရိယပါရမီကို ညွှန်ပြသည်။

သီဟကဏ္ဏမုဒြာပုံပါသော ရုပ်ပွားဆင်းတုတော်များကို စီရင်ထုလုပ် ကိုးကွယ်သူများသည် ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်း, သတ္တိကို ရသည်။ ရန်အပေါင်းကို အောင်မြင်သည်။ ဒိဗ္ဗသောတအဘိညာဉ်ကို ရစေနိုင်သည်။ သူတပါး ပြောဆိုသမျှကို မည်မျှပင် ဝေးလံသော်လည်း ကြားနိုင်သည်။ စစ်မက် ရေးရာတွင် တဖက်ရန်သူကို ချေမှုန်းအောင်မြင်နိုင်စွမ်းရှိသည်။ အစိမ်းသားရဲ သင်းကွဲပြိတ္တာ နတ် မိစ္ဆာများကို နှင်ထုတ်နှိမ်နင်းနိုင်သည် စသည်ဖြင့် အကျိုးများစွာရရှိနိုင်ကြောင်း ပဋိမာသိပ္ပံကျမ်း များ၌ မြွက်ဆိုဖွင့်ဟထားပါသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads