သီဟသူ (ပုဂံ)

ပုဂံခေတ် အိမ်ရှေ့မင်းသားတစ်ပါး From Wikipedia, the free encyclopedia

Remove ads

သီဟသူ (မင်းရင် ဟုလည်း သိကြ;[] ၁၂၃၀ ဆယ်စုနှစ်–၁၂၅၆) သည် ပုဂံခေတ်တွင် ၁၂၅၁ ခုနှစ်မှ ၁၂၅၆ ခုနှစ်အထိ အိမ်ရှေ့မင်းသား အဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။ ဥဇနာမင်း၏ သားတော် နှစ်ပါးအနက် အကြီးဆုံး သားတော် ဖြစ်သည်။ အမတ်ကြီးရာဇသင်္ကြံအား မိမိကြွလာသည်ကို မြင်လျက်နှင့် အင်္ကျီလက်ကို မသိမ်းရာသလောဟု အင်္ကျီလက်ပေါ်သို့ ကွမ်းသွေး ထွေးချခဲ့ဖူးသဖြင့် မင်းသားအား မာနကြီးသူ၊ ကြမ်းကြုတ်သူအဖြစ် ယူဆကြသည်။ ၁၂၅၆ ခုနှစ် မေလတွင် ဥဇနာမင်း ကွယ်လွန်သောအခါ ရာဇသင်္ကြံသည် အခြားမှူးမတ်များနှင့် တိုင်ပင်၍ သားတော်အကြီး သီဟသူ အစား သားတော်အငယ်နရသီဟပတေ့အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။[] နောက်ပိုင်းတွင် သီဟသူမင်းသားအား ဖမ်းဆီးကာ[] ကွပ်မျက်ခဲ့သည်ဟု ယူဆကြသည်။[]

အချက်တိုများ သီဟသူ, အိမ်ရှေ့မင်းသား ...
Remove ads

ကိုးကား

ကျမ်းပြုစာရင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads