သီဟိုဠ်ဘာသာစကား

From Wikipedia, the free encyclopedia

သီဟိုဠ်ဘာသာစကား
Remove ads

သီဟိုဠ်ဘာသာစကား (ပါဠိ: သီဟဠီ sīhaḷī; සිංහල, siṁhala,[] (/ˌsɪn(h)əˈlz, ˌsɪŋ(ɡ)ə-/; အင်္ဂလိပ်: Sinhala, /ˈsɪnhələ, ˈsɪŋələ/) သည် အင်ဒို-အာရိယာန်ဘာသာစကားတစ်ခုဖြစ်၍ သီရိလင်္ကာနိုင်ငံရှိ သီဟိုဠ်သူ၊ သီဟိုဠ်သားများ၏ မူရင်းစကားတစ်ခုလည်းဖြစ်ကာ ပြောဆိုသူပေါင်း ၁၆ သန်းခန့်ရှိသည်။[][] သီဟိုဠ်စကားကို သီရိလင်္ကာနိုင်ငံရှိ အခြားတိုင်းရင်းသားတို့ကလည်း ပထမ/မိခင်ဘာသာအဖြစ် ပြောဆိုကြပြီး ထိုတိုင်းရင်းသားဦးရေမှာ ၂၀၀၁ အထိ လေးသန်းခန့်ရှိသည်။[] ဤစကားကို သီဟိုဠ်အက္ခရာဖြင့် ​ရေးသားပြီး ထိုအက္ခရာသည်လည်း ရှေးဟောင်းအိန္ဒိယ၏ ဗြဟ္မီအက္ခရာတစ်ခုဖြစ်ကာ ကဒမ္ဗအက္ခရာနှင့် နီးကပ်စွာဆင်တူသည်။[]

အချက်တိုများ သီဟိုဠ်ဘာသာစကား, အသံထွက် ...
Remove ads

သီဟိုဠ်ဘာသာသည် သီရိလင်္ကာနိုင်ငံ၏ အမျိုးသားနှင့် တရားဝင်ဘာသာစကားများထဲကတစ်ခုဖြစ်ကာ ပါဠိနှင့်အတူ ထေရဝါဒဗုဒ္ဓဘာသာဆိြက်ရာ စာပေများ ဖြစ်ပေါ်တိုးတက်လာမှုကို များစွာအကျိုးပြုခဲ့လေသည်။[]

အစောဆုံး သီဟိုဠ် ပြာကရိုက်ဖြင့် ထွင်းထားသော ကျောက်စာများကို သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာရောက်ရှိအပြီး ခရစ်ကြို ၃-၂ ရာစုများကတွေ့ရှိခဲ့ကြသည်။[] သို့ရာ၌ အစောဆုံး ကျယ်ကျယ်ပြန့်ပြန့်ရှိသော စာပေလက်ရာမျမှာမူ ခရစ်နှစ်ကိုးရာစုခန့်သာ သက်တမ်းရှိသည်။ ဆွေမျိုးနီးစပ်တော်သည့် ဘာသာစကားများမှာ ဝါးဒ (ဗားဒ) တိုင်းရင်းသားတို့ပြောသော ဗားဒ (Vedda) စကားနှင့် မော်လ်ဒီဗီ (ဒိဝါဟီ) စကားတို့ဖြစ်ကြ၏ ။ သီဟိုဠ်စကားတွင် အရေးနှင့် အပြောတို့၌ အဓိကမူကွဲနှစ်ခုရှိပြီး ထိုသို့ရှိခြင်းကပင် ဘာသာဗေဒဖြစ်စဉ် ဒိုက်ဂလော့စီယား (diglossia)[မှတ်စု ၁] ၏ ပေါ်လွင်ထင်ရှားမှုတစ်ခုပင်ဖြစ်သည်။[][]

Thumb
သီဟိုဠ်အက္ခရာမှ စာများ။
Remove ads

မှတ်စု

  1. မတူသောအခြေအနေတွင် လူမှုအသိုင်းအဝိုင်းတစ်ခု၌ ပြောသူများသည် ဘာသာစကားနှစ်မျိုး (သို့) ဘာသာစကားတစ်ခု၏မူကွဲနှစ်ခုလုံးကို မတူသောအခြေအနေတွင် ပြောဆိုခြင်း

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads