သုခေါဒယပြည်

From Wikipedia, the free encyclopedia

သုခေါဒယပြည်
Remove ads

သု‌ခေါဒယ သို့မဟုတ် သောက္ကတဲ(ထိုင်း: ราชอาณาจักรสุโขทัย; ရာဇအာဏာစကြသုခေါဒယပါဠိ: Sukhodaya; သုခေါဒယ)သည် ထိုင်းနိုင်ငံ၏ အစောပိုင်း ကာလ တိုင်းပြည်ဖြစ်သည်။ ၁၂၃၈ခုနှစ်မှ ၁၄၃၈ခုနှစ်အထိ တည်ရှိခဲ့သည်။ မြို့တော်ဟောင်းမှာ လက်ရှိမြို့၏ ၁၂ကီလိုမီတာအကွာတွင် တည်ရှိသည်။

Thumb
၁၃၀၀CEခန့်က သုခေါဒယပြည် အပါအဝင် အရှေ့တောင်အာရှ ပြည်ထောင်များ

သမိုင်းကြောင်း

လဝေါပြည်ထောင်မှ လွတ်မြောက်ခြင်း

Thumb
သုခေါဒယ အနီးရှိ ဝတ်ဖရာပိုင်လွမ်ဘုရားကျောင်း
Thumb
Seated Buddha in "Maravijaya", second half of century (Sukhothai).[] The Walters Art Museum.

၁၃ရာစုမတိုင်ခင် သုခေါဒယမှာ ခမာအင်ပါယာ လာဗိုနိုင်ငံလက်အောက်ရှိကုန်သွယ်ရေးမြို့ဖြစ်သည်။ တိုင်လူမျိုးများသည် စော့ဗရယာ ချိုင့်ဝှမ်းဒေသ အထက်ပိုင်းသို့ အပြောင်းများလာသည်။

သမိုင်းပညာရှင်အချို့က သုခေါဒယ၏ခမာအင်ပါယာမှခွဲထွက်ခြင်းကို ၁၁၈၀အစောပိုင်းမှစခဲ့သည်ဟုဆိုသည်။ နောက်ပိုင်းတွင် မွန်လူမျိုးများကခမာလက်အောက်မှခွဲထွက်နိုင်ခဲ့သည်။၁၂၃၉တွင် မွန်တို့၏လက်ထဲမှ ဖိုးခွန်ညီအစ်ကို၂ယောက်မှသိမ်းယူနိုင်ခဲ့သည်။ ညီအစ်ကို၂ယောက်မှအစ်ကိုမှသုခေါဒယကိုအုပ်ချုပ်ကာ ဖရာရောင်းမင်းဆက်စတင်ခဲ့သည်။၁၂၅၇ခုနှစ်အထိ သုခေါဒယပြည်မှာ ကျောက်ဖယားချိုင့်ဝှမ်းအထက်ပိုင်းအထိဖြစ်သည်။

ထိုင်းသမိုင်းပညာရှင်များက သုခေါဒယပြည် တည်ထောင်မှုမှာ ၎င်းတို့၏ နိုင်ငံစတင်တည်ထောင်ခြင်းဟု သတ်မှတ်ကြသည်။

Thumb
Wat Saphan Hin, Sukhothai Historical Park
Thumb
Phra Achana, Wat Si Chum, Sukhothai Historical Park

Expansions under Ramkahaeng

ဖိုးခွန်ပန့်မိုင်း (Pho Khun Ban Muang) နှင့် သူ၏ အစ်ကို ရမ်းခမ်းဟဲန် (Ram Khamhaeng) တို့သည် သောက္ကတဲနိုင်ငံတော် ကို တိုးချဲ့ကြသည်။ ထိုသို့တိုးချဲ့ရေးအပိုင်းတွင်သမိုင်းပညာရှင်များအကြားအငြင်းပွားမှုများလည်းရှိသည်။ အနောက်ဘက်တွင် ရမ်းခမ်းဟဲန် မှာပုဂံအင်ပါယာလက်အောက်မှလွတ်ရန်ကြံနေသော ဝါရီရူးခေါင်းဆောင်သည့်မွန်တို့ကိုအကူအညီပေးကာ မွန်တို့မှာ မုတ္တမတွင်နိုင်ငံထူထောင်နိုင်ခဲ့သည်။ နောက်ပိုင်းမှ ပဲခူးသို့ပြောင်းသွားသည်။ သီရိသနန်ဟန်မှဘုန်းတော်ကြီးများကြောင့် သောက္ကတဲတွင်ထေရဝါဒဗုဒ္ဓဘာသာပျံ့နှံ့ခဲ့သည်။၁၂၈၃တွင် ထိုင်းအက္ခရာများကိုတီထွင်ခဲ့သည်။

ဩဇာကျဆင်းလားခြင်းနှင့်အယုဓျာလက်အောက်ကျရောက်ခြင်း

ဆူခိုထိုင်း၏ဩဇာတိုတောင်းလာခဲ့သည်။ ရမ်းခမ်းဟဲန် နတ်ရွာစံပြီးနောက် သောက္ကတဲနယ်မြေများပြိုကွဲခဲ့သည်။ သူ၏သားတော် လော့ထိုင်းနန်းတက်လာသည်။ ထိုအတောအတွင်း ၁၃၇၈တွင် အယုဓျာဘုရင် တာမာရာချာ ၂ မှ ကျူးကျော်လာရောက်ရှိလာပြီးသောက္ကတဲကို ယင်း၏ဩဇာအောက်သွတ်သွင်းလိုက်သည်။

Remove ads

သုခေါဒယနှင့် မြန်မာပြည်

သုခေါဒယ (သောက္ကတဲ)သည် ထိုင်းနိုင်ငံဟူ၍ ဖြစ်လာမည့် မြေပေါ်တွင် ရှမ်းတို့၏ ပထမဆုံးမြို့ပြနိုင်ငံဖြစ်သည်။ မွန်ဂိုတို့ကြောင့် နန်ချောင်နိုင်ငံပျက်စီးပြီးနောက် ရှမ်းတို့သည် တောင်ဘက်သို့အလုံးအရင်းဖြင့်ဆုတ်ခွာလာခဲ့သည်။ ရှိရင်းစွဲ ပရပထုံ၊ ဟရိဘုဉ္ဇ၊ ဒွာရာဝတီစသည့်မွန်မြို့ပြနိုင်ငံများကိုတိုက်ခိုက်သိမ်းယူပြီး သုခေါဒယ၊ ဇင်းမယ်(လန်နာ)စသည့်နိုင်ငံများကိုထူထောင်ကြသည်။ မဂဒူးအမည်ရှိ သုခေါဒယမင်း၏ သားမက်ဖြစ်သူ မွန်-ရှမ်းကပြားတစ်ယောက်သည် ဟံသာဝတီနိုင်ငံကိုထူထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပုဂံနိုင်ငံတော် ပျက်စီးပြီးနောက် အင်းဝရှမ်းများနှင့်ဟံသာဝတီမွန်များအနှစ် ၄၀ စစ်ဖြစ်ပွားနေချိန်တွင် သုခေါဒယသည်အင်အားတောင့်တင်းခဲ့သည်။ သုခေါဒယမှ ရှမ်းတို့သည် ဟံသာဝတီကိုမကြာခဏလာရောက်တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင်ထပ်မံပေါ်ထွန်းလာသော အယုဒ္ဓယက ပိုမို အင်အားကြီးမားလာပြီး သုခေါဒယကို သိမ်းယူခဲ့သဖြင့် သုခေါဒယခေတ် ကုန်ဆုံးခဲ့သည်။

Thumb
Sukhothai royal temple, replica in Muang Boran
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads