သုခ (ပန်းချီဆရာ)

ပန်းချီ အနုပညာကျော် From Wikipedia, the free encyclopedia

သုခ (ပန်းချီဆရာ)
Remove ads

ဦးသုခသည် ါဏ္ဌ

အချက်တိုများ ဦးသုခ, မွေးဖွား ...

ရှိတစ်မျက်နှာုဘ လြးု0့ြြြြြ ။ပန်းချီဆရာကြီး တစ်ဦးဖြစ်သည်။ ဦးသုခကို ၁၉၁၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖ ဦးပု၊ အမိ ဒေါ်နှစ်တို့က မွေးဖွားသည်။ ဦးဘဉာဏ်ဦးဘဇော်ဦးသက်ဝင်း၊ ဦးမောင်မောင်မြ၊ ဦးငွေကိုင်ဦးဘဂျမ်းဦးစံဝင်းတို့ထံမှ ပန်းချီပညာကို ဆည်းပူးခဲ့သည်။ ၁၉၄ဝ ခုနှစ်တွင် အစိုးရ ဟိုက်စကူး ၁ဝ တန်းအောင်မြင်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်လုံးဆိုင်ရာ ပညာရေးနှင့် ပြန်ကြားရေးမှ ဦးစီး ကျင်းပသော ပန်းချီဆရာဖြစ် စာမေးပွဲကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်။

၁၉၃ဝ မှ ၁၉၄၁ ထိ ဘားမားအတ်ကလပ် အသင်းဝင် ဖြစ်ခဲ့သည်။ ၁၉၅၉ ခုနှစ်မှ စတင်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာများတွင် ပုံနှိပ် ပန်းချီဆရာ အဖြစ် အမှုထမ်းခဲ့ပြီး ရုပ်ပြ ဇာတ်လမ်းတိုများလည်း ရေးဆွဲခဲ့သည်။ ၁၉၆၃ မှ ၁၉၈၁ ထိ ရန်ကုန် ပန်းချီ ပန်းပုကျောင်း နည်းပြဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ ဂျာမနီနိုင်ငံနှင့် အီဂျစ်နိုင်ငံများသို့ ပန်းချီပညာ လေ့လာရေး သွားရောက်ခဲ့သည်။ ၁၉၈၁ မှ ၁၉၈၃ ထိ ရန်ကုန် ပန်းချီ ပန်းပုကျောင်း၊ ကျောင်းအုပ်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် တာဝန်များမှ အငြိမ်းစားယူခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံသို့ အာဆီယံ ပန်းချီပြပွဲ၏ မြန်မာနိုင်ငံအတွက် ကွပ်ကဲစီမံသူ (Country Organizer) အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံကွာလာလမ်ပူသို့ အာဆီယံ ပန်းချီပြပွဲ၏ မြန်မာနိုင်ငံအတွက် ကွပ်ကဲစီမံသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် တကိုယ်တော် ပန်းချီပြပွဲကို ကျင်းပခဲ့သည်။

ဦးသုခသည် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ ညနေ ၅ နာရီခန့်တွင် ကွယ်လွန်ခဲ့သည်။

[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads