သုတေသီ

From Wikipedia, the free encyclopedia

Remove ads

သုတေသီ (သိပ္ပံ သုတေသနသမား) ဆိုသည်မှာ သိပ္ပံ သုတေသနနည်းပညာ ဆေးပညာသို့မဟုတ် အင်ဂျင်နီယာ သုတေသန တို့တွင် အသက်မွေးဝမ်းကျောင်း ပြုသူ ဖြစ်သည်။

သုတေသီတွင် ပညာရေးကုန်ထုတ်လုပ်ငန်း (industrial) နှင့် အစိုးရ သို့မဟုတ် ပုဂ္ဂလိက တွင် လုပ်သူဟူ၍ ရှိသည်။ ဥပမာ အချို့သော ပညာရေး ဌာနများတွင် ပရော်ဖက်ဆာ ကို "ပညာရေး ပရော်ဖက်ဆာ" သို့မဟုတ် "သုတေသန ပရော်ဖက်ဆာ" ဟု ခွဲခြားသည်။

များသောအားဖြင့် တိုင်းပြည်တစ်ခုတွင် နိုင်ငံတော် သုတေသီ အမြောက်အများရှိပြီး အမျိုးမျိုးသော research and development (R&D) တို့တွင် လုပ်ကိုင်သည်။

သုတေသန အလုပ်သည် ခဏတန်း ကျောင်းသားများသာ လုပ်ဆောင်ကြသည်မဟုတ်ပဲ ရေတို၊ ရေလတ်၊ ရေရှည်ဟူ၍ လမ်းစဉ်ချမှတ် လုပ်ဆောင်လေ့ရှိသည်။ မျိုးစုံသော စူးစမ်းရန် လိုအပ်ချက်များကြောင့် သုတေသန လုပ်ငန်းသည် ကြီးကျယ်လေ့ရှိပြီး စွယ်စုံရ သုတေသီများ မကြာခဏ လိုအပ်လေ့ရှိသည်။ သုတေသီများ ပြောင်းလဲသော လိုအပ်ချက်များကို လိုက်မှီအောင် နည်းသစ်၊ စက်သစ်၊ ပြဿနာသစ် များကို မပြတ်လေ့လာ ရန်လိုအပ်သည်။ ထို့ကြောင့် သုတေသီ၏ အဓိက အလုပ်တစ်ခုမှာ သိပ္ပံ သုတေသနများနှင့် မျက်ခြေ မပြတ်ရန် ဖြစ်သည်။

အထက်ပါအကြောင်းအရာများကြောင့် သုတေသီများ၏ အလုပ်ခွင်နှင့် ရာထူးမှာ ပညာရေးမှာ ထက် များစွာ ရှုပ်ထွေးသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads