သုဒ္ဓကာဠကသိက္ခာပုဒ်

From Wikipedia, the free encyclopedia

သုဒ္ဓကာဠကသိက္ခာပုဒ်
Remove ads

သုဒ္ဓကာဠကသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသာနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိယပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[]

သမိုင်း

မြတ်စွာဘုရားသည် ဝေသာလီမြို့၊ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးတွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အမည်းသက်သက်ဖြစ်သည့် သိုးမွေးအခင်းကို ပြုလုပ်၏။ ကျောင်းစဉ် လှည့်လည်ကြသော လူတို့သည် ထိုအမည်းသက်သက်ဖြစ်နေသည့် သိုးမွေးအခင်းကို မြင်၏။ ထို့နောက် “အဘယ်ကြောင့် အမည်းသက်သက် သိုးမွေးအခင်းကို ပြုလုပ်စေကုန်ဘိသနည်း၊ ကာမဂုဏ်ခံစားကြသူလူတို့ကဲ့သို့ တကား” ဟု ကဲ့ရဲ့ကြ၏။ ထိုသို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထို့နောက် မြတ်စွာဘုရားသည် “အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုလုပ်ကြသည်ဆိုသည်မှာ မှန်ပါသလား” ဟု မေး၏။ “ဟုတ်မှန်ကြောင်း” ရဟန်းတို့သည် ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူ၏။[]

Remove ads

သိက္ခာပုဒ်

“အကြင်ရဟန်းသည် အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads