သုဒဿာ
From Wikipedia, the free encyclopedia
Remove ads
သုဒဿာဘုံဆိုသည်မှာ ကောင်းသော ရှုမြင်ခြင်းဖြင့် ရှုမြင်အပ်သော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ သုဒဿာဘုံသည် အတပ္မါဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။
သုဒဿာဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသောကမ္မဌာန်းတရား (၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပထမဈာန်ကိုရလာသော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ရောက်နိုင်သည်။ ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထားသော ပထမဈာန်ကို ပွားများသောအခါ သတိန္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။ ထို့ကြောင့် သုဒဿာဘုံကို ရောက်လာခြင်း ဖြစ်သည်။ သုဒဿာ၏ ပဋိသန္ဓေစိတ်သည် ရူပပဉ္ဖမဈာဉ် ဝိပါက်စိတ်ဖြစ်သည်။ ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃) ယောက်ရသည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း လေးထောင် အသက်ရှည်သည်။ သုဒဿာဘုံသည်လည်း ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။ [၁]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads