သုပ္ပါရကဇာတ်
From Wikipedia, the free encyclopedia
Remove ads
ဧကာဒသကနိပါတ် - ၄၆၃။ သုပ္ပါရကဇာတ်
ပစ္စုပ္ပန်ဝတ္ထု
ဗုဒ္ဓပညာစွမ်း လွန်ချီးမွမ်း
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရား၏ ကြီးမားသော ပညာပါရမီတော်ကို ချီးကျူးကြသည်ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
သူကြီးမွေးဖွား တစ်ဦးတည်းသား
လွန်လေပြီးသောအခါ ကုရုတိုင်းဝယ် ကုရုမင်း မင်းပြုသည်ရှိသော် ကုရုကစ္ဆမည်သော သင်္ဘောဆိပ်ရွာ ကမ္ဗလာကို လက်ဖြင့် သုံးသပ်၍ “ဤကမ္ဗလာဝယ် တစ်ခုသော အရပ်၌ ပိုးရှိ၏”ဟု လျှောက်ထားပြန်၏။ သုတ်သင်သည်ရှိသော် ပိုးကိုမြင်၍ မင်းအား လျှောက်ထားကြကုန်၏။ အလွန်နှစ်သက်သဖြင့် ရှစ်သပြာပင် ပေးစေပြန်၏။
မင်းမှုစွန့်ခိုက် သင်္ဘောလိုက်
ထိုအခါ ပညာရှိသည် ဤမင်းကား ဤသို့သောအံ့ဖွယ်သရဲကို မြင်ရပါလျက် ရှစ်သပြာမျှကိုသာပေး၏၊ ဤမင်းကား ပညာကို မချီးမြှောက်၊ ဆေတ္တာသည်ကို ပေးသကဲ့သို့ပေး၏၊ ဆေတ္တာသည်မျိုးဖြစ်လတံ့၊ ဤမင်းမျိုးကို ခစားသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ကြံစည်ကာ ကုရုကစ္ဆ သင်္ဘောဆိပ်သို့ ပြန်ခဲ့လေ၏။
ကုရုကစ္ဆ သင်္ဘောဆိပ်၌ နေကုန်သော သူတို့သည် သင်္ဘောတစ်စင်းကို စီရင်၍ သုပ္ပါရကပညာရှိကို သင်္ဘောသူကြီးပြုစေမည်ဟု တိုင်ပင်ညီညွတ်ကုန်လျက် ပညာရှိထံ ဆည်းကပ်ကုန်၍ သုပ္ပါရကအား “အို-ပညာရှိ...အကျွန်ုပ် တို့သင်္ဘော၌ သင်္ဘောသူကြီး ပြုလုပ်ပါ”ဟု ပြောကြ၏။ “အမောင်တို့...ငါ့မှာ မျက်စိမမြင်၊ အဘယ်သို့ သင်္ဘောသူကြီးအမှုကို ပြုလုပ်နိုင်အံ့နည်း”ဟု ပြော၏။ “အရှင်... မျက်စိမမြင်သော်လည်း အကျွန်ုပ်တို့ထက် လိမ္မာပါ၏” ဟု အဖန်တလဲလဲတောင်းပန်ကုန်၏။
Remove ads
သင်္ဘောစီးလျက် ကုန်သွယ်ထွက်
ထိုအခါ ပညာရှိသည် ကောင်းပြီ အမောင်တို့ ပြောကြားသော အမှတ်သညာဖြင့် သင်္ဘောသူကြီး ပြုလုပ်မည်ဟု ဝန်ခံကာ သင်္ဘောပေါ်သို့တက်၍ သင်္ဘောသားတို့နှင့်တကွ သမုဒ္ဒရာသို့သွားလေ၏။
P.73 သမုဒြာအတွင်း လူကိုယ်နှင့်သင်ဓုန်းသွားနှုတ်သီးရှိသော ငါးတို့ကိုမြင်၍ ပညာရှိအား မေးမြန်းနေပုံ
သင်္ဘောသည် ခုနစ်ရက်ပတ်လုံး ဘေးမရှိသည်ဖြစ်၍ သွား၏၊ ထို့နောက် လေပြင်းမုန်တိုင်း နှောင့်ယှက်လတ်သော် ခရီးလွဲ၍ လေးလတို့ပတ်လုံး သမုဒ္ဒရာ၌သာ နေလေ၏။ နောက်အခါ သင်္ဘောသည် ဥရမာလိ သမုဒ္ဒရာသို့ ရောက်လေ၏။ ထိုသမုဒ္ဒရာ၌ ငါးတို့သည် လူကိုယ်နှင့်တူကုန်၏၊ သင်ဓုန်းသွားနှင့်တူသော နှုတ်သီးရှိကုန်၏။ ထိုအခါ သင်္ဘောသားတို့သည်—
“အို-ပညာရှိ... အရှင်ကို မေးလိုပါကုန်၏၊ သင်ဓုန်းသွားနှင့်တူသော နှာခေါင်းရှိသော လူတို့သည် ငုပ်တုံပေါ်တုံဖြစ်ကုန်၏၊ ဤသမုဒ္ဒရာကား အဘယ်သမုဒ္ဒရာနည်း”ဟု မေးကြကုန်၏။
Remove ads
စိန်ကျောက်ရှိရာ သမုဒ္ဒရာ
ထိုအခါ သုပ္ပါရကပညာရှိသည် “အမောင်တို့... ဤသမုဒ္ဒရာကား ဥရမာလိသမုဒ္ဒရာဖြစ်၏”ဟု ပြောကြားလေ၏။ ထိုသမုဒ္ဒရာဝယ် ဝရဇိန်ကျောက်မျိုးတို့ များကုန်၏။ ပညာရှိသည် ငါသည် အကယ်၍ ဝရဇိန်ကျောက်မျိုးတို့ များသည်ဟု ပြောကြားအံ့၊ လောဘကြီးသော သင်္ဘောသားတို့သည် များစွာသော ကျောက်တို့ကို ယူ၍တင်သဖြင့် သင်္ဘောနစ်လိမ့်မည်ဟု မပြောဘဲနေမှ ကောင်းလိမ့်မည်ဟု ကြံစည်လျက် မပြောကြားဘဲ သင်္ဘောကို ရပ်စေပြီးလျှင် ပိုက်ကွန်တို့ကို ချကာ ဝရဇိန်ကျောက်တို့ကို ယူ၍ သင်္ဘော၌ တင်စေ၏၊ အဘိုးမထိုက်သော ပစ္စည်းတို့ကို စွန့်စေ၏။
Remove ads
ရွှေများတွေ့မြင် သင်္ဘောတင်
ထိုမှတစ်ဖန် သွားပြန်သော် သင်္ဘောသည် အဂ္ဂမာလိသမုဒ္ဒရာသို့ ရောက်ပြန်၏။ ထိုသမုဒ္ဒရာကား တောက်ပသော မီးပုံကြီးနှင့်တူ၏၊ မွန်းတည့်သော နေနှင့်တူ၏၊ အရောင်တပြောင်ပြောင်ထွက်၏။ ထိုအခါ သင်္ဘောသားတို့သည်—
“အို-ပညာရှိ...အရှင်ကို ကျွန်ုပ်တို့ မေးလိုပါကုန်၏၊ မီးပုံကြီးကဲ့သို့၎င်း၊ မွန်းတည့်နေကဲ့သို့၎င်း မြင်ရပါကုန်၏၊ ဤသမုဒ္ဒရာကား အဘယ်သမုဒ္ဒရာနည်း”—
ဟု မေးကြကုန်၏။ ထိုအခါ ပညာရှိသည် “အမောင်တို့... ဤသမုဒ္ဒရာကား အဂ္ဂမာလိသမုဒ္ဒရာဖြစ်သည်”ဟု ပြောကြား၏၊ ဤသမုဒ္ဒရာ၌ များစွာသော ရွှေတို့ရှိကုန်၏၊ ပညာရှိသည် ရွှေတို့ကို ယူ၍ သင်္ဘော၌တင်စေ၏။
Remove ads
အရောင်ဝင်းဝါ ငွေသမုဒ္ဒရာ
ထိုမှတစ်ဖန် သွားပြန်သော် ဒဓိမာလိသမုဒ္ဒရာသို့ ရောက်ပြန်၏။ ထိုသမုဒ္ဒရာကား နို့ရည် နို့ဓမ်းကဲ့သို့ ထွန်းတောက်ပ၏။ ထိုအခါ သင်္ဘောသားတို့သည်...
“အို-ပညာရှိ... နို့ရည် နို့ဓမ်းကဲ့သို့ ထွန်းတောက်ပ၏၊ ဤသမုဒ္ဒရာကား အဘယ်သမုဒ္ဒရာနည်း”—
အရှင်ကို မေးလိုပါကုန်၏၊
ဟု မေးကြကုန်၏။ ပညာရှိသည် “အမောင်တို့...ဤသမုဒ္ဒရာကား-ဒဓိမာလိသမုဒ္ဒရာဖြစ်သည်”ဟု ပြောကြား၏၊ ထိုသမုဒ္ဒရာ၌ကား-များစွာသော ရွှေတို့ရှိကုန်၏၊ ပညာရှိသည် ရွှေတို့ကိုယူစေ၍ သင်္ဘော၌ထည့်စေ၏။
ရတနာပေါရာ သမုဒ္ဒရာ
ထိုမှတစ်ဖန် သွားပြန်သော် ကုသမာလိသမုဒ္ဒရာသို့ ရောက်ပြန်၏။ ထိုသမုဒ္ဒရာကား သမန်းမြက်ကဲ့သို့၎င်း၊ စပါးပင်ကဲ့သို့၎င်း စိမ်းညို၏။ သင်္ဘောသားတို့သည် “အို-ပညာရှိ... သမန်းမြက်ကဲ့သို့၎င်း၊ စပါးပင်ကဲ့သို့၎င်း မြင်ရ၏၊ အဘယ်သမုဒ္ဒရာနည်း”ဟု မေးကြပြန်၏။ ပညာရှိသည် “အမောင်တို့...ဤသမုဒ္ဒရာကား ကုသမာလိသမုဒ္ဒရာဖြစ်သည်”ဟု ပြောကြားလေ၏။ ထိုသမုဒ္ဒရာ၌ များစွာသော ပတ္တမြားညို မြကျောက်ညိုတို့ ရှိကုန်၏။ ပညာရှိသည် ပတ္တမြားညို မြကျောက်ညိုတို့ကို ယူစေ၍ သင်္ဘော၌တင်စေ၏။
ထိုမှတစ်ဖန် သွားပြန်သော် နဠမာလိသမုဒ္ဒရာသို့ ရောက်ပြန်၏။ ထိုသမုဒ္ဒရာကား ကြူတော ဝါးတောကဲ့သို့ ထင်၏။ သင်္ဘောသားတို့သည် “ပညာရှိ...ယခုရောက်လာသော သမုဒ္ဒရာကား ကြူတော ဝါးတောကဲ့သို့ ထင်ဘိ၏၊ အဘယ်သမုဒ္ဒရာနည်း” ဟု မေးကြပြန်၏။ ပညာရှိသည် “အမောင်တို့... ဤသမုဒ္ဒရာကား နဠမာလိသမုဒ္ဒရာမည်၏၊ ထိုသမုဒ္ဒရာ၌ များစွာသော မသာရဂလ်, ကျောက်မျက်ရွဲ ပြယိုးယား ဝင်သဝဏ်ကျောက်မျိုးတို့ရှိကုန်၏၊ ပညာရှိသည် ထိုကျောက်မျိုးတို့ကိုလည်း ယူစေ၍ သင်္ဘော၌တင်စေ၏။
Remove ads
ဗလဝါသမုဒ္ဒရာ-ကြောက်ဖွယ်ရာ
ထိုမှတစ်ဖန် သွားပြန်သော် ဗလဝါမုခသမုဒ္ဒရာသို့ ရောက်ပြန်၏။ ထိုသမုဒ္ဒရာကား–ရေသည် ဆွဲငင်၍ ဆွဲငင်၍ ထက်ဝန်းကျင်မှ အထက်သို့တက်သည်ရှိသော် ကမ်းပါးပြတ်ကြီးကဲ့သို့၎င်း၊ ဇလုပ်တွင်းကြီးကဲ့သို့၎င်း ထင်၏၊ နားအုံပွင့်အံ့ကဲ့သို့၎င်း၊ နှလုံးကွဲအံ့ကဲ့သို့၎င်း အလွန်ကြောက်မက်ဖွယ်သော အသံသည် ဖြစ်၏။ ထိုသမုဒ္ဒရာကို မြင်လျှင် သင်္ဘောသားတို့သည် အလွန်ကြောက်လန့်တုန်လှုပ်လျက် “အို-ပညာရှိ... ဘေးများ၍ ကြောက်မက်ဖွယ်ရှိသော ဘီလူးတို့အသံကဲ့သို့ ကြီးကျယ်ပြင်းထန်လှသော အသံကြီးတို့ကို ကြားရပါ၏၊ ရေလှိုင်းတို့လည်း ကမ်းပါးပြတ်ကြီးကဲ့သို့၎င်း၊ ဇလုပ်တွင်းကြီးကဲ့သို့၎င်း ထင်ပါ၏၊ ဤသမုဒ္ဒရာကား အဘယ်သမုဒ္ဒရာနည်း”ဟု မေးကုန်၏။
Remove ads
ကိုးကွယ်ရာရှာကြ ကြောက်ရွံ့လှ
ထိုအခါ ပညာရှိသည် “အမောင်တို့... ဤသမုဒ္ဒရာကား ဗလဝါမုခသမုဒ္ဒရာဖြစ်၏၊ ဤသမုဒ္ဒရာသို့ ရောက်သော သူတို့သည် ပြန်ခြင်းငှါ မတတ်နိုင်ကုန်၊ သင်္ဘောနှင့်တကွ လူပါ ပျက်စီးကြမြဲဖြစ်၏” ဟု ပြောလေ၏။ ထိုစကားကို ကြားလျှင် သင်္ဘောသားခုနစ်ရာတို့တွင် သေရမည့်ဘေးမှ အလွန်ကြောက်လန့်ကုန်သည်ဖြစ်၍ တစ်ပြိုင်နက် ငိုကြွေးမြည်တမ်းကြကုန်၏၊ ဟစ်အော်ကြကုန်၏။ ထိုအခါ သုပ္ပါရကပညာရှိသည်။ ငါမှတစ်ပါး တစ်ပါးကိုးကွယ်ရာ မရှိပြီ၊ ငါသည် သစ္စာပြု၍ ဗလဝါမုခသမုဒ္ဒရာမှ ထွက်မြောက်စေပြီးလျှင် ချမ်းသာရာအရပ်သို့ ရောက်စေမည်ဟု ကြံစည်
ဗလဝါမုခဝဲ(၁) ကျယ်ဝန်းစွာလည်၍ကျသော ဗလဝါမုခဝဲ။ (၂)ကျယ်စွာသော ဇလုပ်တွင်းကဲ့သို့ကျသောဝဲဖြစ်သည်။
ကာ “အမောင်တို့...မကြောက်ကြကုန်လင့်၊ လျင်မြန်စွာ ငါ့ကို နံ့သာရေဖြင့် ရေချိုး၍ အဝတ်သစ်ကို ဝတ်ပြီးလျှင် ရေပြည့်သောရေခွက်ကို သင်္ဘောဦး၌ အသင့်ထားကြ”ဟု ပြောလေ၏။
သစ္စာဓိဋ္ဌာန် မြို့ရွာပြန်
သင်္ဘောသားတို့လည်း ပညာရှိဆိုတိုင်း လျင်မြန်စွာ ပြုလုပ်ကြကုန်၏။ ပညာရှိသည် ရေပြည့်သောရေခွက်ကို လက်နှစ်ဘက်တို့ဖြင့် ကိုင်ကာ သင်္ဘောဦး၌ရပ်လျက်-
“ငါတို့သည် မိမိကိုယ်ကို အောက်မေ့သတိရသောအခါ လိမ်မာရေးခြားရှိသောအခါမှစ၍ သေစေလိုသော စေတနာဖြင့် တစ်ဦးတစ်ယောက်သော သတ္တဝါကိုမျှလည်း သတ်ဖြတ်ညှဉ်းဆဲခဲ့သည်ကို မသိစဖူး၊ ဤသို့ မှန်သောစကားကို ဆိုရခြင်းကြောင့် သင်္ဘောသည် ချမ်းသာစွာ ပြန်လှစ်စေသော်”-
ဟု သစ္စာပြုကာ ရေခွက်မှ ရေကို သင်္ဘောဦး၌ သွန်းလောင်းလေ၏။ ထိုအခါ သုပ္ပါရကပညာရှိ၏ သစ္စာတန်ခိုးကြောင့် လေးလပတ်လုံး သမုဒ္ဒရာတွင် မျောနေသော သင်္ဘောသည် ဗလဝါမုခသမုဒ္ဒရာမှ ထွက်မြောက်၍ တစ်နေ့ချင်းဖြင့်လျှင် ကုရုကစ္ဆ သင်္ဘောဆိပ်သို့ ရောက်၍ ကမ်းပေါ်တွင် ရှစ်ဥသဘတိုင်အောင် ပြေးလျက် သင်္ဘောသူကြီးအိမ်၌ တည်လေ၏။
ရပ်ဌာန်ရောက်က ကုသိုလ်ပြုကြ
ထိုအခါ သုပ္ပါရကပညာရှိသည် သင်္ဘောသားတို့အား ရွှေ, ငွေ, ကျောက်မျက်ရတနာတို့ကိုခွဲဝေပေးပြီးလျှင်—
“အမောင်တို့... သင်တို့အား ဤမျှလောက်ရွှေ, ငွေ, ကျောက်မျက်ရတနာတို့ဖြင့် အသက်မွေးလောက်ကြပြီ၊ နောက်တစ်ဖန် သမုဒ္ဒရာသို့ ကုန်ကူးမသွားကြလင့်”ဟု အဆုံးအမကို ပေးလေ၏။ သင်္ဘောသားတို့လည်း ပညာရှိ၏ အဆုံးအမ၌ တည်ကြ၍ အလှူပေးခြင်း, သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်၏၊ အသက်၏အဆုံး၌ နတ်ပြည်သို့လားကြကုန်၏။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့ ...
ထိုအခါ သုပ္ပါရကပညာရှိ၏ ပရိသတ်သည်-ယခုအခါ ငါဘုရားပရိသတ်။
သုပ္ပါရကပညာရှိသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
(က) ပညာရှိအား၊ ဆည်းကပ်ငြား၊ ကြီးပွားတိုးတက်လာ။
(၂) မမြင်မျက်စိ၊ ရေမှတ်ဘိ၊ ရရှိရတနာ။
(၃) ဗလဝါဇလုပ်၊ သင်္ဘောမြုပ်၊ ထုတ်ခဲ့ ချမ်းသာရာ။
(၄) သုပ္ပါရက၊ မည်နာမ၊ ထူးလှပညဝါ။
သုပ္ပါရကဇာတ်ပြီး၏။
ဆောင်ပုဒ်
ဧကာဒသကနိပါတ်စကားပြေပြီး၏။
ကိုးကား
- မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
