သုမန (ပန်းသည်)

From Wikipedia, the free encyclopedia

Remove ads

သုမန သည် ရာဇဂြိုဟ်ပြည်သား ပန်းသည်တစ်ဦး ဖြစ်သည်။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်တွင် သုမနိဿရအမည်ဖြင့် ပစ္စေကဗုဒ္ဓ ဖြစ်မည့်သူ ဖြစ်သည်။[]

ဘုရားရှင်အား ပူဇော်ခြင်း

သုမနသည် ဗိမ္ဗိသာရမင်းကြီးအား မုလေးပန်းကို နေ့စဉ်ဆက်သရ၏။ တစ်နေ့သောအခါ သုမနသည် မင်းကြီးကိုဆက်သရန် မုလေးပန်းတို့ကို ယူဆောင်ကာ မြို့ထဲသို့ဝင်လာ၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် ရောင်ခြည်တော်ခြောက်သွယ်လွှတ်ကာ ဆွမ်းခံကြွလေသည်။ ပန်းသည်သုမနသည် မင်းကြီးထံ ဆက်သရမည့် မုလေးပန်းတို့ကို ဘုရားရှင်အား လှူဒါန်းလိုစိတ် သဒ္ဓါဖြစ်ပေါ်၏။ ထို့နောက် ဘုရားရှင်အား လှူဒါန်းလေသည်။ မင်းကြီးအား နေ့စဉ် ပန်းရှစ်ကွမ်းစား ဆက်သရ၏။ ထိုရှစ်ကွမ်းစားကို ရှစ်ဆုပ်ပြုကာ ဘုရားရှင်ကို လှူဒါန်း၏။ နှစ်ဆုပ်ကို ဘုရားရှင်၏ အထက်သို့ မြှောက်ပင့်၍ပူဇော်ရာ ပန်းတို့သည် ဦးခေါင်းတော်ထက်တွင် မျက်နှာကြက်ကဲ့သို့ တည်လေသည်။ နောက်ထပ် မုလေးပန်းနှစ်ဆုပ်စီကို ဘုရားရှင် လက်ယာဘက်တော်နှင့် လက်ဝဲဘက်တော်တို့ဘက်သို့ ပစ်၍ပူဇော်ရာ ကန့်လန်ကာသဖွယ်တည်၏။ နောက်ထက်နှစ်ဆုပ်ကို ဘုရားရှင်၏ နောက်သို့ ပစ်၍ ပူဇော်ရာ ပန်းတို့သည် ကန့်လန့်ကာသဖွယ်ဖြင့်ပင် တည်ကုန်၏။ ပန်းတို့သည် ဆွမ်းခံကြွသည့် ဘုရားရှင်၏ နောက်သို့ ဝန်းရံ၍ လိုက်ပါလေသည်။[]

Remove ads

ဘုရားရှင်၏ ဗျာဒိတ်

ထိုအခါ ဘုရားရှင်သည် သုမနပန်းသည်၏ ဒါနနှင့် ဘဝအဆက်ဆက်ဖြည့်ကျင့်ခဲ့သည့် ပါရမီအထုံကြောင့် သုမနပန်းသည်သည် ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်တွင် "သုမနိဿရ" အမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်မည်ဟူသော နိယတဗျာဒိတ်ကို မိန့်တော်မူ၏။။[]

မင်းကြီး၏ ချီးမြှောက်မှု

သုမနလှူသောပန်းသည် ရှင်ဘုရင်ကို ဆက်သရမည့် ပန်းဖြစ်၏။ သို့သော် သုမနသည် မတုန်မလှုပ်။ သုမန၏ ဇနီးဖြစ်သူသည် တုန်လှုပ်လျှက် ရှိ၏။ ထို့ကြောင့် သုမနအား မိမိသည် ကွာရှင်းပြီးဖြစ်ကြောင်း မင်းကြီးအား လျှောက်တင်၏။ မင်းကြီးက သုမနအား မေးမြန်းရာ သုမနသည် ဟုတ်တိုင်းမှန်ရာ ဖြေကြား၏။ ထို့နောက် မင်းကြီးသည် ယောက်ျားမြတ် သုမနအား သဗ္ဗဋ္ဌက ဆုကို ချီးမြင့်ခဲ့၏။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads