သောတ္တိယသုတ်

From Wikipedia, the free encyclopedia

သောတ္တိယသုတ်
Remove ads

သောတ္တိယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်သောကြောင့် သောတ္တိယမည်ပုံကို ဟောကြားတော်မူခဲ့သည်။[]

သောတ္တိယသုတ်

အကြွင်းမဲ့ ဖယ်ရှားပြီးဖြစ်သောကြောင့် သောတ္တိယ မည်၏။ []

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • စွဲမက်မှု ‘ရာဂ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • အမျက်ထွက်မှု ‘ဒေါသ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • တွေဝေမှု ‘မောဟ’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။
  • ထောင်လွှာမှု ‘မာန’ ကို အကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်၏။ []

ရဟန်းတို့ ဤအကြွင်းမဲ့ ဖယ်ရှားပြီး ဖြစ်သောကြောင့် သောတ္တိယမည်၏ ဟု(မိန့်တော်မူ၏)။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads