သောမတ် ဝီလျံ ရီးစ်ဒေးဗစ်

From Wikipedia, the free encyclopedia

သောမတ် ဝီလျံ ရီးစ်ဒေးဗစ်
Remove ads

သောမတ် ဝီလျံ ရီးစ်ဒေးဗစ် (၁၂ မတ် ၁၈၄၃ - ၂၇ ဒီဇင်ဘာ ၁၉၂၂) သည် အင်္ဂလိပ်လူမျိုး ပါဠိစာပေပညာရှင်တစ်ဦးဖြစ်ပြီး ပါဠိစာပေအသင်းကို တည်ထောင်သူဖြစ်သည်။ သူသည် ဗြိတိသျှအကယ်ဒမီ (British Academy) နှင့် အရှေ့တိုင်းပညာလေ့လာရေး လန်ဒန်ကျောင်းကို တည်ထောင်ရာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

အချက်တိုများ သောမတ် ဝီလျံ ရီးစ်ဒေးဗစ် FBA, မွေးဖွား ...
Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

သောမတ်ဝီလျံရီးဒ်ဒေးဗစ်ကို အင်္ဂလန်နိုင်ငံ၊ အက်ဆက်စီရင်စု (Essex), ကိုချက်စတာ (Colchester) မြို့တွင် ဖွားမြင်ခဲ့သည်။ []သူသည် ဝေးနိုင်ငံမှ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး၏ အကြီးဆုံးသားဖြစ်သည်။ သူ၏ မိခင်ဖြစ်သူသည် အသက် ၃၇ ကလေးဖွားမြင်ပြီးနောက် သေဆုံးခဲ့သည်။

ရာထူးဝန်လုပ်ငန်းဖြင့် လုပ်ကိုင်အသက်မွေးရန် သောမတ်ဝီလျံရီးဒ်ဒေးဗစ်သည် သက္ကတဘာသာကို Adolf Friedrich Stenzler ထံမှ သင်ယူခဲ့သည်။ သူသည် Breslau တွင် အင်္ဂလိပ်စာသင်ကြားကာ ပိုက်ဆံရှာခဲ့သည်။

Remove ads

သီရိလင်္ကာနိုင်ငံ ရာထူးဝန်ဆိုင်ရာ

ပညာရေး

သူသည် ဝတ်လုံတော်ရရှေ့နေအဖြစ် လုပ်ကိုင်နိုင်ရန် လက်တွေ့အသုံးချဥပဒေပညာကို လေ့လာခဲ့သည်။ သူသည် သီရိလင်္ကာအကြောင်း ကျောက်စာများနှင့် ဘာသာပြန်များ စသည့်ဆောင်းပါးတို့ကို ထုတ်ဝေခဲ့သည်။

၁၈၈၂ ခုနှစ် ၁၉၀၄ ခုနှစ်အထိ လန်ဒန်တက္ကသိုလ်တွင် ပါဠိဘာသာပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့သည်။ ကထိကလစာထက် သာလွန်သောတိကျမှုမရှိသည့် လစာဖြင့် ရာထူးတစ်ခုဖြင့် လုပ်ကိုင်ခဲ့သည်။

၁၉၀၅ ခုနှစ်တွင် မန်ချက်စတာတက္ကသိုလ်တွင် ကိုးကွယ်ယုံကြည်မှုနှိုင်းယှဉ်လေ့လာမှု၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ရီးဒ်ဒေးဗစ်သည် ထေရဝါဒဗုဒ္ဓဘာသာကို အားပေးရန်နှင့် ဗြိတိန်၌ ပါဠိစာပေပညာသင်ဆုပေးရန် ကြိုးပမ်းခဲ့သည်။ သူသည် အစိုးရအား အိန္ဒိယဘာသာစကားများနှင့် စာပေများ သင်ကြားရာတွင် ကူညီထောက်ပံ့မှုကို တိုးတက်စေရန် စည်းရုံးခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

၁၈၉၄ ခုနှစ်တွင် ရီးဒေးဗစ်သည် ကယ်ရိုလိုင်းအဂတ်စတာဖောလေ (Caroline Augusta Foley) နှင့် လက်ထက်ခဲ့သည်။ ကယ်ရိုလိုင်းသည်လည်း ထင်ရှားသည့် ပါဠိစာပေညာရှင်တစ်ဦးပင် ဖြစ်သည်။ ရီးဒေးဗစ်သည် သူ၏ ဇနီးဖြစ်သူနှင့် မတူညီသည်မှာ သူသည် ဘုရားသခင်ယုံကြည်မှုဝါဒကို ဝေဖန်ဆန့်ကျင်သူတစ်ဦး ဖြစ်သည်။ သားသမီးသုံးဦး ရှိသည်။ အကြီးဆုံးသမီးဖြစ်သူ ဗီဗီယင် (Vivien) သည် လန်ဒန်၏ အမျိုးသမီးများဖြင့်သာ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်သည့် Girl Guide အဖွဲ့တွင် ပါဝင်ခဲ့ပြီး သူသည် Robert Baden-Powell လည်း ဖြစ်သည်။ သူတို့၏ သားဖြစ်သူ အာသာရီးဒေးဗစ် (Arthur Rhys Davids) သည် တော်ဝင်လေတပ်အဖွဲ့ ၂၅ တိုက်ပွဲဝင်စစ်သားတစ်ဦး ဖြစ်ပြီး ပထမကမ္ဘာစစ်တွင် ကျဆုံးခဲ့သည်။

ရီးဒ်ဒေးဗစ်သည် ၁၉၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် Chipstead, Surrey ၌ ကွယ်လွန်ခဲ့သည်။

Remove ads

လုပ်ခဲ့သည်များ

  • Rhys Davids, T. W. (1880). Buddhist Birth Stories (Jataka Tales), London
  • Rhys Davids, T. W., trans. (1890–94). Questions of King Milinda, Sacred Books of the East, volumes XXXV & XXXVI, Clarendon/Oxford, reprinted by Motilal Banarsidass, Delhi Vol. 1, Vol. 2
  • Rhys Davids, T. W. (1903)။ Buddhist India။ New York: G.P. Putnam's Sons။
  • Rhys Davids, T. W., Stede, William (eds.) (1921-5). The Pāli Text Society's Pāli–English Dictionary. Chipstead: Pāli Text Society. Search inside the Pāli–English Dictionary, University of Chicago
  • Rhys Davids, T. W. (1907). Buddhism Its History And Literature, G. P. Putnam's Sons . New York, Second Edition.
  • Rhys Davids, T. W. & C. A., trans. (1899–1921). Dialogues of the Buddha, 3 volumes, Pāli Text Society, Vol. 1, Vol. 2, Vol. 3.
  • Rhys Davids, T. W.; Oldenberg, Hermann, trans. (1881–85). Vinaya Texts, Sacred Books of the East, volumes XIII, XVII & XX, Clarendon/Oxford; reprint: Motilal Banarsidass, Delhi (Dover, New York) Vol. XIII, Mahavagga I-IV, Vol. XVII, Mahavagga V-X, Kullavagga I-III, Vol. XX, Kullavagga IV-XII
  • Rhys Davids, T. W. (1891). The Sects of the Buddhists By T. W. Rhys Davids. The Journal of the Royal Asiatic Society, pp. 409–422
  • Rhys Davids, T. W. (1901). Asoka and the Buddha-relics By T. W. Rhys Davids. Journal of the Royal Asiatic Society, pp. 397–410
Remove ads

ပြင်ပလင့်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads