သံယောဇဉ်

သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်အောင် ချည်နှောင်တတ်သော တရားဆယ်ပါး။ From Wikipedia, the free encyclopedia

သံယောဇဉ်
Remove ads

သံယောဇဉ် ၁၀-ပါးကို သုတ္တန်နည်းနှင့် အဘိဓမ္မာနည်းဟူ၍ ယေဘုယျအားဖြင့် ခွဲခြားနိုင်သည်။ သတ္တဝါ အပေါင်းတို့အား ထိုထိုဘဝမှ မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်ထားတတ်သော တရားဆယ်ပါး ဟူ၍ အနက်ရရှိသည်။

သုတ္တန်နည်း

သုတ္တန်အရ ခွဲခြားနည်းမှာ[]

  1. ကာမရာဂ သံယောဇဉ်- ကာမတဏှာ လောဘ။
  2. ရူပရာဂ သံယောဇဉ်- ရူပတဏှာ။
  3. အရူပရာဂ သံယောဇဉ်- အရူပတဏှာ။
  4. ပဋိဃ သံယောဇဉ်- ဒေါသစေတသိက်။
  5. ဒိဋ္ဌိ သံယောဇဉ်- ဒိဋ္ဌိစေတသိက်။
  6. မာန သံယောဇဉ်- မာနစေတသိက်။
  7. သီလဗ္ဗတ ပရာမာသ သံယောဇဉ်- ဒိဋ္ဌိစေတသိက်။
  8. ဝိစိကိစ္ဆာ သံယောဇဉ်- ဝိစိကိစ္ဆာစေတသိက်။
  9. ဥဒ္ဓစ္စ သံယောဇဉ်- ဥဒ္ဓစ္စ စေတသိက်။
  10. အဝိဇ္ဇာ သံယောဇဉ်- မောဟစေတသိက်။ []

အဘိဓမ္မာနည်း

အဘိဓမ္မာအရ ခွဲခြားနည်းမှာ[]

  1. ကာမရာဂသံယောဇန
  2. ဘဝရာဂသံယောဇန
  3. ပဋိဃရာဂသံယောဇန
  4. မာနသံယောဇန
  5. ဒိဋ္ဌိသံယောဇန
  6. သီလဗ္ဗတပရာမာသသံယောဇန
  7. ဝိစိကိစ္ဆာသံယောဇန
  8. ဣဿာသံယောဇန
  9. မစ္ဆရိယသံယောဇန
  10. အဝိဇ္ဇာသံယောဇန တို့ဖြစ်ကြသည်။[]

သုတ္တန်နည်းနှင့်အဘိဓမ္မာနည်းတွင်ကွဲပြားသွားသည်မှာ သုတ္တန်နည်းသည် ရူပရာဂနဲ့အရူပရာဂသံယောဇနကို အဘိဓမ္မာနည်း၌ ဘဝရာဂသံယောဇနဟူ၍ ပေါင်းယူလိုက်ခြင်းဖြစ်၏ ။

“သံယောဇဉ်အပြား”

သုတ္တန်နည်းသံယောဇဉ်, အဘိဓမ္မာနည်း သံယောဇဉ်ဟူ၍ ၂-ပါးရှိ၏။ ထိုတွင် သုတ္တန်နည်း သံယောဇဉ်သည်— သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ကာမစ္ဆန္ဒ, ဗျာပါဒ, ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာဟူ၍ ၁၀-ပါးရှိ၏။ ထို၁၀-ပါးတို့တွင် သက္ကာယဒိဋ္ဌိ အစ ဗျာပါဒ အဆုံးရှိသော ၅-ပါးတို့ကို အောက်ဖြစ်သော ကာမဘုံဟူသောအဘို့၌ ဆည်းကပ်တတ်သောကြောင့် ဩရမ္ဘာဂိယသံယောဇဉ်ဟူ၍ ခေါ်သည်။ ရူပရာဂ အစ အဝိဇ္ဇာအဆုံးရှိသော ၅-ပါးတို့ကို အထက်ဖြစ်သော ရူပဘုံ, အရူပဘုံဟူသောအဘို့၌ ဆည်းကပ်တတ်သောကြောင့် ဥဒ္ဓံဘာဂိယသံယောဇဉ်ဟူ၍ ခေါ်သည်။ [] တရားကိုယ်အားဖြင့် လောဘ, ဒေါသ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စ, မောဟ-ဟူ၍ (၇) ပါးသာ ရသည်။

အဘိဓမ္မာနည်း သံယောဇဉ်သည် ကာမရာဂ, ပဋိဃ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ဘဝရာဂ, ဣဿာ, မစ္ဆရိယ, အဝိဇ္ဇာ-ဟူ၍ ၁၀ ပါးရှိ၏။ တရားကိုယ်အားဖြင့် လောဘ, ဒေါသ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ဣဿာ, မစ္ဆရိယ, မောဟ-ဟူ၍ (၈) ပါးသာ ရသည်။ []


“သံယောဇဉ်တို့ကို မဂ်ဖြင့်ပယ်ပုံ”

ဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသ, ဣဿာ, မစ္ဆရိယ ဤ၅-ပါးကို သောတာပတ္တိမဂ် ပယ်သည်။ ရုန့်ရင်းသော ကာမရာဂ, ပဋိဃ ဤ ၂-ပါးကို သကဒါဂါမိမဂ် ပယ်သည်။ သိမ်မွေ့သော ကာမရာဂ, ပဋိဃ ဤ ၂-ပါးကို အနာဂါမိမဂ် ပယ်သည်။ မာန, ဘဝရာဂ, အဝိဇ္ဇာ ဤသုံးပါးကို အရဟတ္တမဂ် ပယ်သည်။ [] ဤအဘိဓမ္မာနည်း သံယောဇဉ် ၁၀-ပါးကို သတ္တဝါတို့ကို ဘဝတို့၌ ယှဉ်စေတတ် နှောင်ဖွဲ့တတ်သောကြောင့် “ဘဝသံယောဇဉ် " ဟူ၍လည်းခေါ်သည်။ [] []


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads