သံလိုက်အိမ်မြှောင်

From Wikipedia, the free encyclopedia

သံလိုက်အိမ်မြှောင်
Remove ads

သံလိုက်အိမ်မြှောင်ဆိုသည်မှာ ကမ္ဘာကြီး၏ ဝင်ရိုးစွန်းများတွင် ဖြစ်ပေါ်လျက်ရှိသော သံလိုက်စက်ကွင်း များနှင့် သံလိုက်တို့ အပြန်အလှန် အကျိုးသက်ရောက်ရာမှ မြောက်အရပ်ကို ညွှန်ပြနိုင်သော လမ်းညွှန် သံလိုက်ကို ခေါ်သည်။ ၎င်းကိရိယာအား တရုတ်လူမျိုးများ တီထွင်ခဲ့ကြသည်။သံလိုက်အိမ်မြှောင်ထဲရှိလက်တံကိုသံဖြင့်ပြုလုပ်ထားပါသည်။

Thumb
ဟန်မင်းဆက် (206 BC–220 AD) မှ သံလိုက်အိမ်မြှောင်[]
Thumb
သာမန် အိပ်ဆောင် သံလိုက်အိမ်မြှောင်
Thumb
လှေပေါ်တွင် အသုံးပြုသည့် သံလိုက်အိမ်မြှောင် တစ်မျိုး
Thumb
အိတ်ဆောင် သံလိုက်အိမ်မြှောင်
Remove ads

အသုံးဝင်ပုံ

သံလိုက်အိမ်မြှောင်သည် ကမ္ဘာမြေကြီး၏ သံလိုက်စက်ကွင်းကို အမှီပြုပြီး အရပ်လေးမျက်နှာကို ရှာဖွေနိုင်သည့် လမ်းညွှန်၊ လမ်းပြ ကိရိယာတစ်မျိုးဖြစ်သည်။ ၎င်းတွင် သံလိုက်ဓာတ်ရှိသည့် မျှားတံတစ်ခုပါဝင်ပြီး များသောအားဖြင့် မြောက်အရပ်ကို ညွှန်ပြလေ့ ရှိသည်။ သံလိုက်အိမ်မြှောင် ပေါ်ပေါက်လာခြင်းသည် ခရီးသွားလာခြင်း အထူးသဖြင့် ပင်လယ်ခရီးနှင်ရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်။

သံလိုက်အိမ်မြှောင်ကို တရုတ်တို့သည် ၂ ရာစုမတိုင်မီခေတ်တွင် တီထွင်ခဲ့ပြီး ၁၁ ရာစုမှစ၍ ရေကြောင်းခရီး သွားလာရေးတွင် အသုံးပြုလာကြသည်။ ခေတ်သစ် သံလိုက်အိမ်မြှောင်များ၏ မူလပုံသဏ္ဌာန်ကို ၁၄ ရာစုနှစ်ခန့်တွင် ဥရောပသားများက တီထွင်ခဲ့သည်။ []၂၀ ရာစုခန့်တွင် အတွင်း၌ အရည်ဖြည့်ထားသည့် သံလိုက်အိမ်မြှောင်များ အစားထိုး နေရာယူလာကြသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads