သွေးအုပ်စု

သွေး အမျိုးအစား ခွဲခြားခြင်း From Wikipedia, the free encyclopedia

သွေးအုပ်စု
Remove ads

သွေးအမျိုးအစားအုပ်စုကို ခွဲယူပုံ၊ ခွဲယူနည်းက ပရိုတင်း တွေ သွေးနီဆဲလ်ထဲမှာရှိတဲ့ ပုံစံနဲ့ ပလာစမာခေါ်တဲ့ သွေးရည်ကြည် ထဲမှာရှိတဲ့ ပုံစံတွေအပေါ် မူတည် ပြီး ခွဲခွဲခြားခြား သတ်မှတ်ယူကြ တာပါ။ ဆဲလ်ထဲမှာတွေ့တဲ့ ပရိုတင်း ကို အက်ဂလူတီနိုဂျင်လို့ခေါ်ပြီး ပလာစမာထဲမှာတွေ့တဲ့ ပရိုတင်း ကိုတော့ အက်ဂလူတီနင်းလို့ခေါ် တယ်။ အက်ဂလူတီနိုဂျင်က နှစ် မျိုး ထပ်ကွဲသွားတာမို့ A နဲ့ B ဆိုပြီး ခွဲခြားသတ်မှတ်လိုက် တယ်။ တစ်ခါ အက်ဂလူတီနင်း ကလည်း နှစ်မျိုးရှိနေတာမို့ a နဲ့ b ဆိုပြီး ကွဲကွဲပြားပြား သတ်မှတ် ယူလိုက်ကြတယ်။ ဥပမာ မောင်ဖြူက A သွေး အုပ်စုလို့ ဆိုကြပါစို့။ သူ့မှာ A အက်ဂလူတီနိုဂျင်ကို ဆဲလ်ထဲမှာ တွေ့ရပြီး b အက်ဂလူတီနင်းကို ပလာစမာထဲမှာ ရှိနေတာတွေ့ရ မယ်။ မောင်နီက B သွေးအုပ်စု လို့ ဆိုကြပါစို့။ သူ့မှာ B အက် ဂလူတီနိုဂျင်ကို ဆဲလ်ထဲမှာ တွေ့ ရပြီး a အက်ဂလူတီနင်းကို ပလာ စမာထဲတွင် တွေ့နေရတာဖြစ် တယ်။ မောင်ညိုက AB သွေး အုပ်စု ဆိုပါစို့။ သူ့မှာ A အက် ဂလူတီနိုဂျင်ရော၊ B အက်ဂလူ တီနိုဂျင်ရော ဆဲလ်ထဲမှာတွေ့ရပြီး ပလာစမာထဲမှာတော့ ဘယ် အက်ဂလူတီနင်းမှ မတွေ့ရတာ ဖြစ်တယ်။ အဲဒီလိုပဲ မောင်ဝါက O သွေးအုပ်စု ဆိုပါစို့။ သူ့မှာ အက်ဂလူတီနိုဂျင် လုံးဝမပါပဲ ပလာစမာထဲမှာ a အက်ဂလူတီနင်းနဲ့ b အက်ဂလူတီနင်း နှစ်မျိုး လုံးပါနေတာ တွေ့ရပါလိမ့်မယ်။ အကယ်၍ မောင်ဖြူက သွေးအုပ်စု A ဖြစ်ပေမယ့် သွေး အုပ်စု B ကို အသွင်းခံရမယ်ဆို ရင် သူ့မှာရှိရင်းစွဲဖြစ်တဲ့ b အက် ဂလူတီနင်းက ဝင်လာတဲ့ ဆဲလ် အုပ်စုတွေနဲ့ ပေါင်းစည်းလို့မရဘဲ အပိုသက်သက်ဖြစ်နေစေတယ်။ နောက်ပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ အခြေအနေမျိုးမရှိ တာမို့ အောက်ဆီဂျင်ထုတ်လွှတ် မှုတွေကို ဦးနှောက်လို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ မပို့နိုင်ဘဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အသက်အန္တရာယ် ထိခိုက်စေနိုင် တဲ့အထိ အခက်အခဲ ရှိသွားတတ် တယ်။ အဲဒီလိုပဲ B သွေးအုပ်စု ဝင် တစ်ဦးကို သွေးအုပ်စု A သွတ်သွင်းမှုကို လက်မခံနိုင်ပါ။ ဒါကြောင့် သွေးသွင်းတာမျိုး မလုပ်ဆောင်မီ သွေးအုပ်စု အမျိုး အစားတွေကို စစ်ဆေးယူကြရပါ တယ်။ A အုပ်စုဝင်တွေအတွက် A နဲ့ O ကို လက်ခံနိုင်တယ်။ B အုပ်စုဝင် သွေးအတွက် B နဲ့ O ကို လက်ခံနိုင်တယ်။ A B အုပ်စု ဝင် သွေးအတွက် A , B နဲ့ O အားလုံးကို လက်ခံနိုင်တယ်။ O အုပ်စုဝင် သွေးကတော့ O တစ်ခုတည်း လက်ခံယူနိုင် တယ်။ သွေးအုပ်စု O မှာ အက် ဂလူတီနိုဂျင် လုံးဝမရှိတာမို့ ဘယ်သွေး အုပ်စုဝင် သွေးဝင်ပြီး မရောနိုင်တာဖြစ်သလို သွေး အုပ်စု AB မှ ပရိုတင်း A ရော B ပါ ရှိနေတာမို့ အားလုံးကို လက်ခံနိုင်ကြတာ ဖြစ်တယ်။ တချို့လူတွေရဲ့ သွေးနီ ဆဲလ်တွေထဲမှာ့ Rh factor ခေါ် တဲ့ ပရိုတင်းများရှိနေရင် ၎င်းကို ထပ်ဆင့်ပြီး Rh positive (Rh+) လို့ ခေါ်ကြတယ်။ အဲဒီ factor မပါသူတွေကိုတော့ Rh negative (Rh - ) လို့ ခေါ်ဝေါ် သတ်မှတ်လေ့ရှိတယ်။ အဲဒီလို သွေးအုပ်စုတွေ ကွဲပြားတာကတော့ မိဘတွေရဲ့ သွေးအုပ်စုတွေပေါ်မူတည်ပြီး အမွေဆက်ခံရတဲ့ သဘောဖြစ် တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေရဲ့ ဆံပင်အရောင်နဲ့ သွေးအုပ်စု အမျိုးအစားတွေက ရေမြေလိုက် ပြီး ကွာခြားနေတာလည်း တွေ့ရတယ်။ ရေမြေလိုက်တယ်ဆိုတာ လူမျိုးကိုလိုက်ပြီး ဖြစ်လာတာကို ဆိုလိုတာပါ။ ဥပမာပြောရရင် အမေရိကန်လူမျိုးတွေမှ A သွေး အုပ်စုဝင် ၄၇ ရာခိုင်နှုန်းရှိနေ တတ်ပြီး ပီရူးလူမျိုး ၉၀ ရာခိုင် နှုန်းမှာ O သွေးအုပ်စုဝင် ဖြစ် သလို အာရှတိုက်အလယ်ပိုင်း သားတွေမှာ B သွေးအုပ်စုဝင်တွေ များနေတတ်ပါတယ်။ သိပ္ပံပညာရှင်တွေက သွေး အုပ်စု လေးမျိုးရှိတယ်။ တစ်မျိုး နဲ့တစ်မျိုး သဘာဝချင်း မတူကြ တာကိုပဲ ရှာဖွေတွေ့ထားတာဖြစ် တယ်။ ဘာကြောင့် အဲလိုလေးမျိုး ကွဲသွားရတယ်ဆိုတဲ့ အဖြေကို တိတိကျကျ ဖော်ထုတ်ပေးနိုင်တဲ့ သူ မတွေ့ရသေးပါ။

Thumb
သွေးအုပ်စု(သို့မဟုတ်) သွေးအမျိုးအစားအား ခွဲခြားထားပုံ၊(သွေးနီဥတွင် အန်တီဂျင် ပါဝင်မှုနှုန်းပေါ်တွင် မူတည်ပြီး သွေးခွဲခြားထားသည်)
Remove ads

လူများတွင်ရှိသော ABO နှင့် Rh သွေးအမျိုးအစားများအား နိုင်ငံအလိုက် ခွဲခြားထားပုံ

နောက်ထပ် အချက်အလက်များ Country, Population ...
နောက်ထပ် အချက်အလက်များ Racial and ethnic distribution of ABO (without Rh) blood types (This table has more entries than the table above but does not distinguish between Rh types.), People group ...
Remove ads

ကိုးကားခ်က္

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads