ဟင်ဒီ-အူရဒူဘာသာစကား

From Wikipedia, the free encyclopedia

Remove ads

ဟင်ဒီ-အူရဒူဘာသာသည် အင်ဒို-အာရိယန်ဘာသာစကား တစ်မျိုးဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် ပါကစ္စတန်နိုင်ငံတို့တွင် သုံးသော ဘာသာစကား ဖြစ်သည်။ ဟိန္ဒူစတန်နီ ဟုလည်း ခေါ်ကြသည်။ ယခင်က ဟင်ဒါဗီ သို့မဟုတ် ရက္ခတာ ဟုလည်း ခေါ်လေ့ရှိသည်။ ထိုဘာသာစကားသည် ဒေလီတွင်သုံးသော ခါရီဘိုလီ ဒေသိယစကားမှ ပြောင်းလဲဆင်းသက်လာပြီး ပါရှန်းဘာသာ၊ အာရပ်ဘာသာသင်္သကရိုက်ဘာသာ နှင့် တူရကီဘာသာတို့မှ ဝေါဟာရ အများအပြားကို ယူငင် အသုံးပြုထားသည်။ ၎င်းသည် စံနှုန်း တစ်မျိုးမက ရှိသော ဘာသာစကားဖြစ်ပြီး ဟင်ဒီစံ နှင့် အူရဒူစံဟူ၍ တရားဝင် စံသတ်မှတ်ချက် နှစ်မျိုးရှိသည်။ ရပ်ရွာသုံး ဟင်ဒီနှင့် အူရဒူဘာသာမှာ ခွဲခြားရန် ခက်ခဲပြီး တရားဝင် စံသတ်မှတ်ချက်တွင်ပင် စာကြောင်းတည်ဆောက်ပုံအားဖြင့် အတူတူ နီးပါးရှိသည်။ သို့သော်လည်း စာပေသုံး အသုံးအနှုန်းများနှင့် ပညာရပ်ဆိုင်ရာ ဝေါဟာရများတွင် ကွဲပြားခြားနားချက်များ ရှိသည်။ အူရဒူ ဘာသာမှ ပါရှားဘာသာ၊ အလယ်အာရှ နှင့် အာရပ်ဘာသာ လွှမ်းမိုးမှုများ အဓိကပါဝင်ပြီး ဟင်ဒီတွင်မူ သင်္သကရိုက်ဘာသာ၏ လွှမ်းမိုးမှုများ အဓိက ပါဝင်သည်။ ဗြိတိသျှထံမှ အိန္ဒိယ လွတ်လပ်ရေးမရမီ အချိန်က ဟိန္ဒူစတန်နီ၊ အူရဒူနှင့် ဟင်ဒီဆိုသော စကားလုံးများကို အလဲလဲ အလှယ်လှယ် သုံးစွဲကြလေ့ရှိပြီး ယနေ့ခေတ် အူရဒူနှင့် ဟင်ဒီဟု ခေါ်ဝေါ်ကြသော စကားအားလုံးကို ကိုယ်စားပြုသည်။ ဟိန္ဒူစတန်နီ ဆိုသော စကားကို အခြားသော တိုက်ကြီးများတွင် သုံးစွဲကြသော ဟင်ဒီဘာသာစကား မျိုးကွဲများကိုလည်း ရည်ညွှန်းလေ့ ရှိကြပြီး ဖီဂျီ ဟိန္ဒူစတန်နီ နှင့် ဆူရာနမ်နိုင်ငံ နှင့် ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံ တို့တွင် သုံးစွဲလေ့ ရှိကြသော ကာရစ်ဘီယံ ဟိန္ဒူစတန်နီတို့ ဖြစ်ကြသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads