ဟယ်ဆပ်ဖလီနီ၏ ဟိုင်ပိုဂျီယမ်
From Wikipedia, the free encyclopedia
Remove ads
ဟယ်ဆပ်ဖလီနီ၏ ဟိုင်ပိုဂျီယမ်သည် ကျောက်ခေတ်သစ် မြေအောက် အဆောက်အဦး တစ်ခုဖြစ်ပြီး မော်လတာနိုင်ငံ၏ သမိုင်းမတင်မီခေတ်ဖြစ်သော ဆပ်ဖလီနီခေတ် (၃၃၀၀ မှ ၃၀၀၀ ဘီစီ) အတွင်း တည်ဆောက်ခဲ့ကာ မော်လတာနိုင်ငံ ပါအိုလာ ဒေသတွင် တည်ရှိသည်။ အများအားဖြင့် ဟိုင်ပိုဂျီယမ်ဟုသာ ခေါ်ဆိုလေ့ ရှိပြီး ဂရိဘာသာဖြင့် မြေအောက်ဟု အဓိပ္ပာယ်ရသည်။ ဟိုင်ပိုဂျီယမ်သည် ပုန်းအောင်းခိုလှုံရာ နေရာနှင့် နီခရိုပိုးလစ်ခေါ် ခန့်ညားသော ဂူသင်္ချိုင်း အစုအဝေးဟု ယူဆရကာ ရှေးဟောင်းသုတေသနပညာရှင်များမှ လူပေါင်း ၇,၀၀၀ ကျော်၏ အကြွင်းအကျန် များကို တွေ့ရသည်ဟု မှတ်တမ်းတင်ထားကာ [၁] မီဂါလစ်သစ် ဘုရားကျောင်းနှင့် ဇက်ဂရာ ကျောက်တုံးစက်ဝန်း စသည်တို့ကို တည်ဆောက်ခဲ့သော မော်လတာ၏ ဘုရားကျောင်း တည်ဆောက်သည့် ယဉ်ကျေးမှုနှင့် ပတ်သက်၍ အကောင်းဆုံး ထိန်းသိမ်းပြထားနိုင်သည့် ဥပမာ ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
