ဟိုက်ပါနိုဗာ
ဆူပါနိုဗာပေါက်ကွဲမှု အမျိုးအစား From Wikipedia, the free encyclopedia
Remove ads
ဟိုက်ပါနိုဗာ (အင်္ဂလိပ်: Hypernova) ဆိုသည်မှာ သာမန်ဆူပါနိုဗာထက် စွမ်းအင်ပိုမိုများပြားကာ ကြယ်တစ်စင်းပေါက်ကွဲသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ တနည်းအားဖြင့် အင်မတန်တောက်ပသည့် ဆူပါနိုဗာ (SLSN) ဟုခေါ်ဆိုကာ ယင်းတို့သည် ဂါမာရောင်ခြည်တို့၏ ပင်ရင်းဖြစ်သည်။[၁] ဆူပါနိုဗာများကဲ့သို့ပင် ဟိုက်ပါနိုဗာများသည် မတူညီသော စတီလာပေါက်ကွဲမှုများကို ထုတ်လွှတ်ပေးသည်။ ဆူပါနိုဗာ type Ic နှင့် type IIn အမျိုးအစားများအား လေ့လာချက်အရ များပြားလှစွာသော ဟိုက်ပါနိုဗာများကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။[၂][၃][၄][၅]

Remove ads
သမိုင်း
၁၉၉ဝ ခုနှစ်မတိုင်ခင်တွင် ဟိုက်ပါနိုဗာ ဆိုသောအခေါ်ဝေါ်အား အင်မတန်ပေါက်ကွဲအား များပြားသည့်ကြယ်များအတွက် သုံနှုန်းရန် အဆိုပြုခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဂါမာရောင်ခြည်ထုတ်လွှင့်မှုနှင့် နုနယ်သော ကြယ်တာရာကြီးများနှင့် စာတမ်းတစ်ခုသည် ချိတ်ဆက်မိသည်။ ယင်းတို့အား ဟိုက်ပါနိုဗာ ဟု ခေါ်ဆိုရန် အဆိုပြုခဲ့သည်။ ထိုကဲ့သို့သော ဖြစ်ရပ်မှစွမ်းအင်သည် ဆူပါနိုဗာများထက် အဆပေါင်းရာချီကာ များပြားလှသည်။ ဆက်တိုက်ဆိုသလို များပြားလှစွာသော တောက်ပသည့် ဆူပါနိုဗာများကို တွေ့ရှိခဲ့သည်။[၆][၇][၈][၉] ယင်းဖြစ်ရပ်များအား သာမန် type Ia ဆူပါနိုဗာထက် အဆပေါင်း ၂ဝ ပိုမိုတောက်ပသည်ကို တွေ့ရှိခဲ့သည်။ ယင်းအဓိပ္ပာယ်သတ်မှတ်ချက်သည် ဟိုက်ပါနိုဗာဟု ခေါ်တွင်စေလေသည်။
Remove ads
အခြားကြည့်ရန်
ကျမ်းကိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads