ဟီရော့ဒိုးတပ်
From Wikipedia, the free encyclopedia
Remove ads
ဟစ်ရောဒတပ်စ် (သို့) ဟီရောဒေါ့တော့ရှ် (အင်္ဂလိပ်: Herodotus; ရှေးဟောင်းဂရိ: Ἡρόδοτος, Hēródotos) (ဘီစီ ၄၈၄ ခန့်·၄၂၄ခန့်) သည် ဂရိစာပေလောကတွင် ထင်ရှားသော ကျမ်းပြုပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ နိုင်ငံသမိုင်းဟူသောကျမ်းမျိုးကို ပထမဦးဆုံးရေးသား ပြုစုခဲ့သူဖြစ်သောကြောင့် နိုင်ငံသမိုင်းများ၏သခင် ဟုများသောအားဖြင့်ခေါ်တွင်လေသည်။ ဟီရော့ဒိုးတပ်သည် ပါးရှင်းတို့၏ လက်အောက်ခံဖြစ်သော အာရှမိုင်းနားကမ်းခြေရှိ ဟယ်လီကားနေးဆပ်တွင် ဖွားမြင်သောဂရိအမျိုးသားဖြစ်သည်။
သူသည်ငယ်စဉ်ကပင် စာပေဘက်၌ ဝါသနာပါသည့်အပြင် ပင်လယ်နက်မြောက်ဘက်ကမ်းခြေ ဒေသ၊ ပါးရှားပြည်၊ အီဂျစ်ပြည်၊ အီတလီနှင်းစစ္စလီကျွန်းစသော အရပ်များသို့ ခရီးထွက်လှည့်လည် လျက်ထိုအရပ်အသီးသီးတွင် နေထိုင်သူတို့၏ဓလေ့ထုံးစံ၊ အယူဝါဒနှင့်သမိုင်းတို့ကို စူးစမ်းလေ့လာ ခဲ့သည်။ ထိုကဲ့သို့စုဆောင်းရရှိခဲ့သော အကြောင်းအချက်များကို သမိုင်းကျမ်းအဖြစ်ရေးသားပြုစုခဲ့လေသည်။
ဟီရောဒိုးတပ်ပြုစုသော သမိုင်းကျမ်းသည် အတွဲကိုးတွဲပါဝင်၍ ပါးရှင်းအင်ပိုင်ယာ ကျယ်ပြန့်လာပုံ၊ ဘီစီ၄၉ဝနှင့် ၄၈ဝ ပြည့်နှစ်များတွင် ပါးရှင်းတို့က ဂရိပြည်နယ်များကိုတိုက်ခိုက်ပုံ၊ ဂရိတို့က ကျူးကျော်လာသူများကို ရွပ်ရွပ်ချွံချွံခုခံ၍ နောက်ဆုံး၌ အနိုင်ရလိုက်ပုံတို့ကို စိတ်ဝင်စား ဖွယ်ကောင်းအောင် မှတ်တမ်းတင်ခဲ့သည်။ ထိုသမိုင်းကျမ်းတွင် သမိုင်းသက်သက်ကိုသာမရေးဘဲ မိမိ ခရီးထွက် လှည့်လည်စဉ်က တွေ့မြင်ကြားသိခဲ့ရသမျှ အကြောင်းအရာ တို့ကိုထည့်သွင်းဖော်ပြလေသည်။ ထိုကြောင့်ဟီရော့ဒိုးတပ်၏ သမိုင်းကျမ်းသည် မြေထဲပင်လယ်အရှေ့ပိုင်းဝန်းကျင်၌ တည်ရှိသော တိုင်းပြည်တို့နှင့်သက်ဆိုင်သည့် ရှေးခေတ်အခြေအနေနှင့် သမိုင်းကိုဖော်ပြသော ကျမ်းဖြစ်သည်။
ဘီစီ ၄၄ရခုနှစ်ခန့်လောက်တွင် ဟီရော့ဒိုးတပ်သည် အေသင် မြို့သို့သွားရောက်နေထိုင်ခဲ့သည်။ ထိုနောက်ဘီစီ ၄၄၃ ခုနှစ်ခန့်တွင် အီတလီတောင်ပိုင်းရှိ ဂရိကိုလိုနီ သူရီး၌ ကွယ်လွန်သည်အထိ နေထိုင်ခဲ့လေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads