ဟေမာနေဝင်း

From Wikipedia, the free encyclopedia

ဟေမာနေဝင်း
Remove ads

ဟေမာနေဝင်း (Hayma Ne Win)သည် မြန်မာပြည်၏ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်များအနက်မှ တစ်ယောက်အပါအဝင် ဖြစ်သည်။ သူမ၏ ဖခင်သည် နိုင်ငံကျော် ရုပ်ရှင်မင်းသား ကောလိပ်ဂျင်နေဝင်း ဖြစ်သည်။

အချက်တိုများ ဟေမာနေဝင်း, ကိုယ်ရေး အချက်အလက်များ ...

ဟေမာနေဝင်းသည် ငယ်စဉ်က အနုပညာဝါသနာပါသော်လည်း ဗီဇကို သိသိသာသာ မပြခဲ့ချေ။ အနုပညာရှင် ဖခင်ကြီးကလည်း သူမအား တိုက်တွန်းခြင်း၊ ဆွဲခေါ်ခြင်း မရှိခဲ့ချေ။ သို့သော် သူမသည် ငယ်စဉ်ကပင် သီချင်းများကို အကြားဖြင့် အလွတ်ရ၍ သီဆိုနေတတ်ခဲ့သည်။ ဖခင်ဆုံးပါးသည့်အချိန်တွင် ဖခင်၏ အပေါင်းအသင်းမိတ်ဆွေများက သူမအား တေးစီးရီးထုတ်ရန် ကမ်းလှမ်းခဲ့ကြသည်။ ထိုမှစတင်၍ သီချင်းများ စတင်အသံသွင်း သီဆိုဖြစ်ခဲ့သည်။

အသက်ငယ်ရွယ်သေးချိန် ဂီတလောကတည်းကို စတင်ဝင်ရောက်သည့်အခါတွင် L.P.J တေးဂီတအဖွဲ့မှ သိန်းတန်(မြန်မာပြည်)က သူမအား စတိတ်ရှိုးများ ခေါ်ဆိုခဲ့သည်။ ဟေမာနေဝင်းသည် မေဆွိ၏ “ဘင်ဘို” သီချင်းကို စင်ပေါ်တွင် စတင်သီဆိုခဲ့သည်။ ထို့နောက် ကိုင်ဇာရေးဖွဲ့ပေးသည့် “လိပ်ပြာ”သီချင်း၊ သုခမိန်လှိုင်ရေးဖွဲ့ပေးသည့် “အချစ်ဘယ်ကစ” သီချင်းများကို သီဆိုခဲ့သည်။ ပထမဦးဆုံး သူမ၏ တေးအယ်လ်ဘမ်မှာ “ချစ်လူဆိုး” ဟု အမည်ရသည်။ သူမကို ပရိသတ်များ သိသွားသည့် သီချင်းမှာ "မင်းကြောင့်" တေးအယ်လဘမ်ထဲမှ "ယုံလား” ဖြစ်သည်။ ထိုသီချင်းကို မြန်မာ့ရုပ်မြင်သံကြား တေးဂီတအစီအစဉ်တွင် ရိုက်ကူးထုတ်လွှင့်ရာမှ သီချင်းကိုရော အဆိုတော်ကိုပါ ပရိသတ်များက အားပေးနှစ်သက်ခဲ့ကြသည်။

ဟေမာနေဝင်းသည် အဆိုတော်သက်တမ်းတစ်လျှောက် တစ်ကိုယ်တော် အယ်လ်ဘမ်များ၊ စုံတွဲသီချင်းများ အရေအတွက်များပြားစွာ သီဆိုထုတ်ဝေခဲ့သည်။ မြန်မာသံစဉ် သီချင်းများလည်း သီဆိုခဲ့သည်။

၁၉၈၇ ခုနှစ်တွင် မင်းကြောင့်၊ ဂြိုဟ်တုသတင်း၊ ဟေမာနေဝင်းနှစ်ယောက် တေးအယ်လ်ဘမ်များကို ဆက်တိုက်ဆိုသလို ထုတ်ဝေခဲ့သည်။ ၁၉၈၈ တွင်ထွက်ရှိသော "ခွင့်လွှတ်နော်" အယ်လ်ဘမ်သည် သူမကို ထိပ်ဆုံးနေရာမှ အဆိုတော်တစ်ယောက်အဖြစ် ပို့ဆောင်ပေးခဲ့သည်။ ထိုအယ်လ်ဘမ်ပြီးနောက် "ပြန်လျော်ပေး"၊ "ချစ်ကောင်လေး" တေးအယ်လဘမ်များထွက်ရှိပြီး၊ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော ဆွေမျိုးများထံ အလည်ခရီးသွားခဲ့သည်။ အမေရိကားတွင် သူမကို စတိတ်ရှိုးပွဲ စီစဉ်ပေးသည့်အတွက် နိုင်ငံခြားတွင် ပထမဦးဆုံး တစ်ဦးတည်းဖြင့် စတိတ်ရှိုးလုပ်သည့် မြန်မာအဆိုတော်တစ်ဦး ဖြစ်လေသည်။

အမေရိကားတွင်ရှိနေစဉ် “ပိုးဖလံ" အမည်ရှိ သီချင်းခွေတစ်ခွေ အသံသွင်း၍ မြန်မာပြည်တွင် ဖြန့်ချိခဲ့ပြီး၊ မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန် ၁၉၉၁-၁၉၉၅ ခုနှစ်များအတွင်း "ပိုးဖလံ ၂"၊ "ချစ်ပြမယ်"၊ "အိမ်အပြန်"၊ "မှ..သို့..ချစ်သူ"၊ "ပိုးဖလံ ၃" စသည့် စတီဒီယိုတေးအယ်လဘမ်များကို ထုတ်ဝေခဲ့သလို၊ "ပြိုင်ပွဲကြီး"၊ "ဆောင်းကတ္တီပါ"၊ "အမုန်းခွန်အားပေးသနားပါ" စသည့် မြန်မာသံတေးအယ်လဘမ်များကိုလည်း ထုတ်ဝေခဲ့သည်။

ဟေမာနေဝင်းသည် ကြော်ငြာနောက်ခံသီချင်းများစွာကို သီဆိုပေးခဲ့ရာ၊ "ရွှေစင်" ရွှေဆိုင်ကြော်ငြာသီချင်းကို လူကြိုက်များခဲ့သည်။ မှန်ချိုသလိပ်ပျော်ဆေးကြော်ငြာနှင့် Lux ဆပ်ပြာမွှေးကြော်ငြာတို့တွင် သရုပ်ဆောင်ခဲ့ရာ၊ လူအများနှစ်ခြိုက်သဘောကျခဲ့ကြသည်။

၂၀၀၅ ခုနှစ်တွင် သူမ၏ အကောင်းဆုံးတေးများအား ပြန်လည်အသက်သွင်းသည့် "ကြယ်တစ်ပွင့်မွေးဖွားခြင်း" Live Show တစ်ခုကို ဖျော်ဖြေတင်ဆက်၍ တေးအယ်လဘမ်ထုတ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် "ရန်ကုန်လိုက်မယ်" Live Show တေးစီးရီးကို သိန်းတန်(မြန်မာပြည်)နှင့်တွဲဖက်သီဆို ထုတ်ဝေခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads