ဟေလီကာနပ်ဆပ်ရှိ မော်ဆိုလော့စ်၏ ဂူသင်္ချိုင်း
From Wikipedia, the free encyclopedia
Remove ads
ဘီစီ ၃၇၈ ခုနှစ်လောက်တွင် နတ်ရွာစံသော ကဲရီးယား ပြည့်ရှင် ဘုရင်မောဆိုလပ်အတွက် မိဖုရားကဆောက်လုပ် ခဲ့သော သင်းချိုင်းဂူကြီးမှာ အာရှမိုင်းနားနယ် ဟယ်လီကာနက် ဆပ် မြို့တွင်ရှိ၍ မောဆိုလီယမ်ဟု ခေါ်သည်။ လေးထောင့် လျားလျားပုံရှိသည့် ဂူကြီးပေါ်တွင် လှပသော တိုင်လုံးကြီး များစီကာ ဆောက်လုပ်ထားပြီးလျှင် ထိုအပေါ်မှတစ်ဖန် အမိုး သဏ္ဌာန် ပိရမစ်ဖြင့် မိုးထား၏။ ထိုပိရမစ်အမိုးပေါ်တွင် ဘုရင် နှင့် မိဖုရားတို့ မြင်းလေးကောင်ကသော ရထားကို စီးနေသည့် ပုံကို ထုလုပ်ထားရာ၊ ဘုရင်ကြီး၏ရုပ်တုမှာ ၁ဝ ပေမြင့်လေ သည်။ ထိုအဆောက်အအုံကြီးကား ဂရိပိသုကာ တို့၏လက်ရာ ဖြစ်၏။ ယခုအခါတွင် ပျက်စီးယိုယွင်းသွားပြီဖြစ်ရာ အချို့ အပျက်အစီးများကို ဗြိတိသျှပြတိုက်တွင် ထိန်းသိမ်းထားလေ သည်။ ထိုအဆောက်အအုံကြီးမှာ ခိုင်ခံ့ကြီးမား လှပတင့်တယ် သဖြင့် နောက်နောင်တွင် ကြီးမားလှသော ဂူသင်းချိုင်းများကို မောဆိုလီယမ်ဟု ခေါ်ဝေါ်ကြ၏။
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |

Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads