ဟယ်လီကြယ်တံခွန်

၇၅-၇၆ နှစ်လျင် တကြိမ်နှုန်း ကမ္ဘာမြေမှမြင်နိုင်သော ပတ်လမ်းကာလတို ကြယ်တံခွန် From Wikipedia, the free encyclopedia

ဟယ်လီကြယ်တံခွန်
Remove ads

ဟယ်လီကြယ်တံခွန် (Halley's Comet သို့မဟုတ် Comet Halley; /ˈhæli/ သို့မဟုတ် /ˈhli/) ကို 1P/Halley ဟု တရားဝင်သတ်မှတ်ထားပြီး ၎င်းသည် ၇၅-၇၆ နှစ်လျှင်တစ်ကြိမ် ကမ္ဘာမှ မြင်တွေ့နိုင်သော ပတ်လမ်းလှည့်သက်တမ်းတိုကြယ်တံခွန် တစ်ခုဖြစ်သည်။[][၁၀][၁၁] ၎င်းသည် ကမ္ဘာမှနေ၍ ပကတိမျက်စိဖြင့် ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပြီး လူတစ်ယောက်၏ဘဝတွင် နှစ်ကြိမ်သာမြင်တွေ့ခွင့်ရနိုင်သည့် တစ်ခုတည်းသော လူသိများသည့် ပတ်လမ်းလှည့်သက်တမ်းတိုကြယ်တံခွန် ဖြစ်သည်။

အချက်တိုများ ရှာဖွေတွေ့ရှိခြင်း, ရှာဖွေတွေ့ရှိခဲ့သူ ...

၁၆၈၂ ခုနှစ်တွင် နာမည်ကျော် အင်္ဂလိပ်လူမျိုး သင်္ချာနှင့် နက္ခတ်ဆရာကြီး အက်မော ဟေလီသည် အလွန်တောက်ပသော ကြယ်တံခွန်ကြီးတစ်လုံးကို ကြည့်ရှုစစ်ဆေးပြီးနောက်၊ ထိုကြယ်တံခွန်သည် နောက် ၇၆ နှစ်ကြာ၍၊ ၁၇၅၈ ခုနှစ်သို့ရောက်လျှင် ကမ္ဘာမှမြင်နိုင်အောင် ပြန်လာလိမ့်မည်ဟု ကြိုတင် အဟောထုတ်ခဲ့လေသည်။ ဤသို့ အဟောထုတ်ခဲ့သည့်အတိုင်း ထိုကြယ်တံခွန်သည် ၁၇၅၈ ခုနှစ်၌ ပြန်လည်ရောက်ရှိလာပေသည်။ ဟောကိန်းထုတ်ခဲ့သူ နက္ခက်ဆရာကြီး၏ အမည်ကို အစွဲပြု၍၊ ထိုကြယ်တံခွန်ကိုလည်း ဟယ်လီကြယ်တံခွန်ဟု ခေါ်ကြသည်။ ဟယ်လီကြယ်တံခွန်သည် ၇၆ နှစ်တွင် တစ်ကြိမ် ကမ္ဘာသို့ ချဉ်းကပ်လာ၍၊ နောက်ဆုံးအကြိမ် ပေါ်ခဲ့သောနှစ်မှာ ၁၉၈၆ ခုနှစ် ဖြစ်လေသည်။ နောက်တစ်ကြိမ်မြင်တွေ့နိုင်မည့် အချိန်မှာ ၂၀၆၁ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့ဖြစ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads