ဟောင်ကောင်
From Wikipedia, the free encyclopedia
ဟောင်ကောင် (ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ)[၁၁] သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသ ဖြစ်သည်။ တရုတ်၏နှစ် ၅၀ အတွင်း မပြောင်းလဲဟုဆိုသည့် ‘တပြည်ထောင် နှစ်စနစ်’ နိုင်ငံရေးမူအရ ဟောင်ကောင် အထူးအုပ်ချုပ်ရေး အစိုးရသည် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမှအပ အခြားအရေးကိစ္စများကို ကိုယ်ပိုင်စီမံခွင့်ရှိသည်။ ဟောင်ကောင်သည် နိုင်ငံတကာ အဆင့်မီ မြို့ပြကြီးဖြစ်သကဲ့သို့ အရင်းရှင်စီးပွားရေးစနစ် ထွန်းကားသည့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးလုပ်ငန်း အချက်အချာလည်းဖြစ်သည်။
ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Hong Kong Special Administrative Region of the People's Republic of China | |||||
| |||||
![]() ဝိတိုရိယဆိပ်ကမ်း ညရှုခင်း | |||||
![]() တည်နေရာ | |||||
အစိုးရရုံး | ဗဟို(Central)[၁] | ||||
ဧရိယာ |
| ||||
အမြင့်ဆုံးနေရာ | တာ့မောက်တောင်၊ 957km | ||||
အချိန်ဇုန် | UTC+8[၂] | ||||
လူနေမှု | |||||
ဘာသာစကား | တရုတ်၊ အင်္ဂလိပ်[၃] | ||||
ထင်ပေါ်သော အဆောက်အအုံ | ဝိတိုရိယဆိပ်ကမ်း | ||||
လူဦးရေ |
| ||||
လူမျိုး | တရုတ်(95%)၊ ဖိလစ်ပိုင်(1.5%)၊ အင်ဒိုနီးရှား(1.3%)[၆] | ||||
နိုင်ငံရေး | |||||
စနစ် | ဒီမိုကရေစီ နိုင်ငံရေး စနစ် | ||||
တရားရေး | ဘုံဥပဒေ | ||||
အုပ်ချုပ်ရေးမှူး | ကျိန်းရင်းချွမ် (曾蔭權) | ||||
အရေးကြီးသည့် ရက်စွဲ |
| ||||
စီးပွားရေး | |||||
ငွေကြေး | ဟောင်ကောင်ဒေါ်လာ(HKD) | ||||
GDP | 215.56 ဘီလျံ USD(၂၀၀၈)[၇] | ||||
ပျမ်းမျှGDP | 30,755 USD(၂၀၀၈)[၇] | ||||
HDI | 0.942[၈] (မြင့်) | ||||
နိုင်ငံခြားစုငွေ | 223.3 ဘီလျံ USD(၂၀၀၉)[၉] | ||||
အခြား | |||||
အတိုကောက် | HKG | ||||
မြို့သင်္ကေတ |
| ||||
ယာဉ်မောင်း | လက်ဝဲဘက်ကပ်မောင်း | ||||
အင်တာနက် ဒိုမိန်း | .hk | ||||
ဧရိယာကုဒ် | 852 | ||||
ဂြိုဟ်တုဓာတ်ပုံ![]() |
ပထမ ဘိန်းစစ်ပွဲပြီးနောက် ၁၈၄၂ ခုနှစ်တွင် ဟောင်ကောင်ကျွန်းသည် ဗြိတိသျှအင်ပါယာ၏ ကိုလိုနီနယ် ဖြစ်လာသည်။ ၁၉၈၃ ခုနှစ်တွင် ဗြိတိသျှ၏ ပင်လယ်ရပ်ခြား နယ်မြေတစ်ခုအဖြစ် ပြန်ပြောင်းသတ်မှတ်ခဲ့သည်။ နန်ကျင်းစာချုပ်အရ ဗြိတိန်တို့သည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဟောင်ကောင်၏ အချုပ်အခြာအာဏာကို တရုတ်ထံ ပြန်လည် လွှဲပြောင်းအပ်နှင်းခဲ့သည်။[၁၂][၁၃] ထို့နောက်တွင် ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ ပေါ်ထွန်းလာသည်။
ဟောင်ကောင်သည် နိုင်ငံတကာ မြို့ပြကြီး ဖြစ်သည့်အလျောက် ၎င်း၏ရုပ်ရှင်၊ ဂီတနှင့် ဓလေ့များတွင် အနောက်တိုင်းနှင့် အရှေ့တိုင်း ယဉ်ကျေးမှု ထိတွေ့ရောယှက်ခြင်းကို ထင်ဟပ်ပြနေသည်။[၁၄] ဟောင်ကောင် လူဦးရေ၏ ၉၅ % မှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး ၅ % မှာ အခြားလူမျိုးများ ဖြစ်ကြသည်။[၁၅] စတုရန်းမိုင် ၄၀၇ (1,054 km2) သာ ကျယ်ဝန်းသည့် ဟောင်ကောင်တွင် လူဦးရေ စုစုပေါင်း ၇ သန်းကျော် နေထိုင်လျက်ရှိရာ ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး ဒေသတစ်ခုဖြစ်သည်။[၁၆]
သမိုင်း
အင်္ဂလိပ်ဘာသာ "Hong Kong" ဆိုသည်မှာ တရုတ်အမည် "香港" ၏ ကွမ်တုန်းအသံထွက်မှ ဆင်းသက်လာသည်။ အမွေးနံ့သာသင်းသော ဆိပ်ကမ်းဟု အဓိပ္ပာယ်ရသည်။ တရုတ်ရုံးသုံး ဘာသာဖြင့် အသံထွက်မှာ ‘ရှန်းကန်’ (Xiang Gang) ဖြစ်သည်။
ယနေ့တွင် ဟောင်ကောင်ဟု လူအများ သိရှိထားသည့် ဒေသတွင် ကျောက်ခေတ်ဟောင်း နှောင်းပိုင်းကာလမှ ကျောက်ခေတ်သစ် နှစ်ဦးကာလမှစ၍ လူသားများ နေထိုင်ကျက်စားလာသည်[၁၇] ဆိုသော်လည်း ဟောင်ကောင်ဆိုသည့် ဝေါဟာရ သမိုင်းမှတ်တမ်းတွင် ပထမဦးဆုံးအကြိမ် တွေ့ရှိရသည်မှာ ၁၈၄၂ ခုနှစ် တရုတ်နှင့် ဗြိတိန်တို့ ရေးထိုးခဲ့သည့် နန်ကျင်းစာချုပ်တွင် ဖြစ်သည်။[၁၈] မှတ်တမ်းများအရ ဤဒေသသို့ ရောက်ရှိလာသည့် ပထမဦးဆုံးသော ဥရောပသားမှာ ပေါ်တူဂီနိုင်ငံသား စူးစမ်းရှာဖွေရေးသမား ဂျော့ဂ်ျ အယ်ဗားရက်စ် (Jorge Álvares) ဖြစ်ပြီး ၁၅၁၃ ခုနှစ်တွင် ရောက်ရှိခဲ့သည်။[၁၉][၂၀]
၁၈၃၉ ခုနှစ်တွင် မန်ချူးအစိုးရက ဟောင်ကောင်ကိုဘိန်းတင်သွင်းမှု ပိတ်ပင်ခဲ့သောကြောင့် တရုတ်နှင့် ဗြိတိသျှအကြား ပထမ ဘိန်းစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ၁၈၄၁ ခုနှစ်တွင် ဗြိတိသျှတို့ဟောင်ကောင်ကို ဝင်သိမ်းခဲ့သည်။ ဘိန်းစစ်ပွဲပြီးနောက် တရုတ်တို့ စစ်ရှုံးသဖြင့် နန်ကျင်းစာချုပ်အရ ဟောင်ကောင်အား ဗြိတိသျှလက်ထဲ လွှဲပြောင်းပေးရသည်။ နောက်တစ်နှစ်တွင် ဗြိတိသျှတို့က ဝိတိုရိယမြို့ကို တည်ထောင်ခဲ့သည်။ ၁၈၆၀ ခုနှစ် တရုတ်တို့က ဒုတိယ ဘိန်းစစ်ပွဲတွင် စစ်ရှုံးပြန်ရာ ပေကျင်းစာချုပ်အရ ကျိုလုံကျွန်းဆွယ်ကို ဗြိတိသျှလက်ထဲ ထပ်မံ ထိုးပေးရပြန်သည်။ ၁၈၉၈ ခုနှစ်တွင် သဘောတူညီချက်များကို တိုးချဲ့ရေးထိုးခဲ့ပြီး ဟောင်ကောင်အား ဗြိတိသျှတို့ကို ၉၉ နှစ်ကြာ ငှားရမ်းပေးခဲ့သည်။ ထိုစဉ်အခါက ဟောင်ကောင်အပိုင် နယ်နမိတ်သည် ယနေ့အထိ ပြောင်းလဲခြင်း မရှိချေ။[၂၁]
၂၀ ရာစုနှစ်၏ ရှေ့တဝက်အတွင်း ဟောင်ကောင်သည် ဗြိတိသျှအင်ပါယာအတွက် အရေးပါသည့် အကောက်ခွန်လွတ် ဆိပ်ကမ်းတစ်ခု ဖြစ်သည်။ သို့သော်လည်း ဝိတိုရိယတောင် (ယနေ့ ထိုက်ဖိန်တောင်) သူဌေးရပ်ကွက်တွင် နေထိုင်ကြသည့် ဥရောပသား လူကုံထံများက ဒေသခံ တရုတ်လူမျိုးများနှင့် အရောတဝင် မရှိလှပေ။[၂၁]
လူနေမှု

ဟောင်ကောင်လူဦးရေသည် ၂၀၀၇ ခုနှစ်တွင် ၇ သန်းကျော်ခဲ့ပြီဖြစ်သည်။[၂၂] ဟောင်ကောင်တွင် နေထိုင်ကြသည့် အမျိုးသမီးများ၏ သားဖွားနှုန်းမှာ ၀.၉၅ % သာရှိသည်။[၂၃] ကမ္ဘာပေါ်တွင် သားဖွားနှုန်း နည်းလွန်းသည့် ဒေသတစ်ခုဖြစ်ပြီး လက်ရှိ လူဦးရေကို ထိန်းထားနိုင်ရန် လိုအပ်သည့် ၂.၁ % ထက် များစွာလျော့နည်းနေသည်။ သို့သော်လည်း တရုတ်ပြည်မှ နှစ်စဉ် ၄၅,၀၀၀ ခန့် ပြောင်းရွှေ့လာနေသောကြောင့် ဟောင်ကောင်၏ လူဦးရေမှာ မပြတ်တိုးပွားလျက် ရှိသည်။ ၂၀၀၆ ခုနှစ် စာရင်းအရ ဟောင်ကောင်သားများ၏ ပျမ်းမျှသက်တမ်းမှာ ၈၁.၆ နှစ် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အသက်အရှည်ဆုံး ဖြစ်သည်။
ဟောင်ကောင်တွင် နေထိုင်ကြသူများအနက် ၉၅ % မှာ တရုတ်လူမျိုးများ ဖြစ်ပြီး အများစုမှာ ကွမ်းတုန်၊ ဟတ်ကားနှင့် ချောင်ကျိုးလူမျိုးများ ဖြစ်သည်။ ကျန် ၅ % မှာ နိုင်ငံခြားသားများ ဖြစ်ကြပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံမှ ဟောင်ကောင်သို့ သွားရောက်ကာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူများမှာ ၃ သိန်းကျော် ရှိနေပြီဖြစ်သည်။[၂၄] ပန်ချာပီ၊ ပါကစ္စတန်၊ နီပေါ စသည့် အလယ်အာရှနိုင်ငံများမှ လူမျိုးများလည်း ဟောင်ကောင်တွင် နေထိုင်ကြသည်။ ဆိပ်ကမ်းရှိ လှေပေါ်တွင် နေထိုင်ကြသည့် ဗီယက်နမ် ဒုက္ခသည် အချို့လည်း ဟောင်ကောင်တွင် အခြေချ နေထိုင်သူများ ဖြစ်လာကြသည်။ ဗြိတိသျှအဓိက ဖြစ်သည့် ဥရောပသားများ၊ အမေရိကန်များ၊ ဩစတြေးလျသားများ၊ ကနေဒါ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံသားများသည်လည်း ဟောင်ကောင်၏ ငွေရေးကြေးရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် လုပ်ကိုင်လျက် ရှိသည်။[၂၅] ၁၉၉၇ ခုနှစ် ဟောင်ကောင်၏ အချုပ်အခြာအာဏာအား တရုတ်ထံ လွှဲပြောင်းပေးပြီးနောက် ဗြိတိသျှ အတော်များများ ဟောင်ကောင်မှ ထွက်ခွာသွားကြသည်။[၂၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.