ဟေးလ်ဒက်စ်ဟိုင်း ကသီဒရယ် ဘုရားရှိခိုးကျောင်း

From Wikipedia, the free encyclopedia

ဟေးလ်ဒက်စ်ဟိုင်း ကသီဒရယ် ဘုရားရှိခိုးကျောင်း
Remove ads

ဟေးလ်ဒက်စ်ဟိုင်း ကက်သီဒရယ်ဘုရားကျောင်း အား တရားဝင်အမည်အားဖြင့် ကက်သီဒရယ် အော့ဖ်သည် အဆမ်းရှင်း အော့ဖ် မေရီ ဟုခေါ်ပြီး ဂျာမနီနိုင်ငံ ဟေးလ်ဒက်စ်ဟိုင်းမြို့ လယ်ခေါင်တွင် တည်ရှိသော အလယ်ခေတ် ရိုမန်ကက်သလစ် ဘုရားကျောင်း တစ်ခု ဖြစ်သည်။ ၁၉၈၅ ခုနှစ်မှစ၍ ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ စာရင်းအတွင် အနီးအနားရှိ စိန့်မိုက်ကယ် ဘုရားကျောင်းနှင့် အတူ စာရင်းဝင်ခဲ့သည်။

အချက်တိုများ ဟေးလ်ဒက်စ်ဟိုင်းရှိ စိန့်မေရီ ကက်သီဒရယ် ဘုရားကျောင်း နှင့် စိန့်မိုက်ကယ် ဘုရားကျောင်း*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

ထိုကက်သီဒရယ်ဘုရားကျောင်းအား ၁၀၁၀ နှင့် ၁၀၂၀ ခုနှစ်ကြားတွင် ရိုမန်နက်စ် စတိုင်လ်ဖြင့် တည်ဆောက်ခဲ့သည်။ ထိုဘုရားကျောင်းအား အရှေ့ဘက်ပိုင်း စက်ဝိုင်းခြမ်းပုံ ၂ ခု ညီတူမျှတူ ပုံစံဖြင့် တည်ဆောက်ထားပြီး ၎င်းမှာ အော့တိုးနီးယန်း ရိုမန်နက်စ် ဗိသုကာပညာ၏ သွင်ပြင်လက္ခဏာ တစ်ခု ဖြစ်သည်။ ထိုကက်သီဒရယ်၏ အဖိုးတန်ပစ္စည်းများတွင် ဘစ်ရှော့ ဘန်းဝပ်၏ ခေတ်မှ အနုပညာလက်ရာများ နှင့် ကြေးသွန်းလက်ရာများ၊ ဘန်းဝပ်ပုံစံတံခါး နှင့် ဘန်းဝပ်ပုံစံတိုင်လုံးများ ပါဝင်သည့်အပြင် ထင်ရှားသည့် ရိုမန်နက်စ် ဘီးပုံသဏ္ဍန် မီးပန်းဆိုင်း များ ဖြစ်သော ဟယ်ဇီလိုမီးပန်းဆိုင်း နှင့် အဇီလင်း မီးပန်းဆိုင်းတို့ ပါဝင်သည်။

၁၁ရာစု၊ ၁၂ ရာစု နှင့် ၁၄ ရာစုတို့တွင် ပြန်လည်ပြင်ဆင်မွမ်းမံခြင်း နှင့် ထပ်မံတိုးချဲ့ခြင်းများ ပြုလုပ်ခဲ့သော်လည်း ကက်သီဒရယ် ဘုရားကျောင်းသည် ၁၉၄၅ ခုနှစ် မတ်လ ၂၂ ရက်တွင် ဒုတိယကမ္ဘာစစ် အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးခဲ့ရပြီး ၁၉၅၀ မှ ၁၉၆၀ အထိ ပြန်လည် တည်ဆောက်ခဲ့သည်။ ကက်သီဒရယ် ဘုရားကျောင်း တစ်ခုလုံးအား အားလုံး ပြင်ဆင်မွမ်းမံခြင်းကို ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီး နည်းပညာအရ လည်းကောင်း ရှေးမူမပျက် ထိန်းသိမ်းရန် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ကက်သီဒရယ် ဘုရားကျောင်း၏ အချို့သော အဖိုးတန်ပစ္စည်းများမှာ ဝေးလံသော နေရာများတွင် ရောက်ရှိနေကြပြီး နယူးယောက် မက်ထရိုပိုလစ်တန် အနုပညာပြတိုက်တွင် ခင်းကျင်းပြသထားသည်များလည်း ရှိသည်။ ကက်သီဒရယ်ဘုရားကျောင်းအား ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads