ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း

ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု မြန်မာဘောလုံးကလပ်အသင်း From Wikipedia, the free encyclopedia

ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း
Remove ads

ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းသည် တောင်ငူမြို့တွင် အခြေပြုတည်ထားသော ဘောလုံးအသင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် အသင်းဖြစ်သည်။ ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲများ စတင်ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းဖြစ်ပြီး ထိုနှစ်ပြိုင်ပွဲတွင် အဆင့် ၆ နေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ယခင်အမည် ဥဿယူနိုက်တက်မှ ဟံသာဝတီယူနိုက်တက်သို့ ပြောင်းလဲခဲ့သည်။ ဥဿာယူနိုက်တက် အမည်နှင့်ရှိစဉ်က ၂၀၁၀ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အသင်းအတွက် အရေးကြီးသော ဖလားတစ်လုံး ရယူနိုင်ခဲ့သည်။

အချက်တိုများ အသင်းအမည်, အခြားအမည် ...
Remove ads

သမိုင်းကြောင်း

ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းသည် မြန်မာနေရှင်နယ်လိဂ်ဖလားပြိုင်ပွဲ စတင်ကျင်းပစဉ်ကတည်းကပင် ဥဿာယူနိုက်တက် ဟူသော အမည်ဖြင့် ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုပြီး အသင်း၏ပိုင်ရှင်မှာ IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော် ဖြစ်သည်။

၂၀၁၃-၂၀၁၄

ဟံသာဝတီယူနိုက်တက် အသင်းသည် မြန်မာ နေရှင်နယ် လိဂ် (၂) သို့ အဆင့်လျော့ချ ခံခဲ့ရသည်။ သို့သော် MNL-2 တွင် ဗိုလ်စွဲသောအခါ မြန်မာနေရှင်နယ်လိဂ်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ဟံသာဝတီအသင်း မြန်မာနေရှင်နယ်လိဂ် (၂) တွင်ရှိစည် ဘမ်ဘမှ ၂၄ ဂိုးသွင်းယူပေးခဲ့သည်။

ဂုဏ်ပြုဆုများ

  • ၂၀၁၀ မြန်မာဘောလုံးအဖွဲ့ချုပ်ဖလား

နည်းပြ

  • မန်နေဂျာ = ဦးထွန်းထွန်းလင်း
  • နည်းပြ = ဦးမျိုးမင်းထွန်း

လက်ရှိကစားသမားစာရင်း (၂၀၂၀)

ဟံသာဝတီအသင်း၏ လက်ရှိ လူစာရင်းမှာ - [] Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

နောက်ထပ် အချက်အလက်များ No., နေရာ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads