ဟွေလူမျိုး
တရုတ်နိုင်ငံ၏ လူမျိုးစု From Wikipedia, the free encyclopedia
Remove ads
ဟွေလူမျိုး ( တရုတ်; ဟွေအိကျူ , Xiao'erjing : خُوِذُو ; Dungan , Xuejzw ) သည် အရှေ့အာရှ တိုင်းရင်းသားလူမျိုးစုဖြစ်ပြီးအဓိကအားဖြင့်နိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ်များနှင့် Zhongyuan ဒေသများ ရှိ တရုတ်နိုင်ငံ တစ်လွှားတွင်တွေ့ရသော အစ္စလာမ်ဘာသာဝင်တရုတ်လူမျိုးများဖြစ်ကြသည်။ ၂၀၁၁ ခုနှစ်သန်းခေါင်စာရင်းကောက်ယူမှုအရတရုတ်နိုင်ငံတွင် ဟွေလူမျိုး ၁၀.၅သန်းနေထိုင်သည်။ အများစုမှာ တရုတ်ဘာသာစကားပြော အစ္စလာမ်ဘာသာဝင်များဖြစ်သော်လည်း အချို့မှာအခြားဘာသာတရားများကို ကိုးကွယ်ကြသည်။ ကာဇတ်စတန်နှင့် ကာဂျစ္စတန်နိုင်ငံရှိ ဒူဂန်းလူမျိုး ၁၁၀,၀၀၀ဦးကိုလည်း ဟွေလူမျိုးစုအဖြစ်သတ်မှတ်ထားသည်။

ဟွေလူမျိုးများသည် တရုတ်နိုင်ငံမှအသိအမှတ်ပြုထားသည့်လူမျိုးစု ၅၆မျိုး အနက်တစ်မျိုးဖြစ်သည်။ အစိုးရကဟွာလူမျိုးများအားသမိုင်းကြောင်းအရ တရုတ်နိုင်ငံ၏ အခြားတိုင်းရင်းသားအုပ်စုများတွင် မပါဝင်သည့် မွတ်စလင်အသိုင်းအဝိုင်းအဖြစ် ထည့်သွင်းရန်ဆုံးဖြတ်သည်။ ထို့ကြောင့်၎င်းတို့သည် ဟွီဂါးရ် ကဲ့သို့သောအခြားမွတ်စလင်အုပ်စုများနှင့်ကွဲပြားသည်။ ဟွေများသည်အဓိကအားဖြင့် တရုတ် စကားပြော [၂] ၊ အာရဗီ နှင့် ပါရှန်း စကားစုအချို့ကိုထိန်းသိမ်းထားသည်။ [၃] စင်စစ်အားဖြင့် ဟွေလူမျိုးစုသည် တရုတ်လူမျိုးများကြားတွင်ထူးခြားသည်။ အကြောင်းမှာ၎င်းသည် တရုတ် ဘာသာစကား အနွယ် မဟုတ်သောကြောင့်ဖြစ်သည်။
Remove ads
အဓိပ္ပာယ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads