အကနိဋ္ဌ
From Wikipedia, the free encyclopedia
Remove ads
အကနိဋ္ဌဘုံဆိုသည်မှာ ယုတ်နိမ့်သည့် သဘောအလျင်းမရှိ၊ အထွတ်အမြတ်အဖြစ်ကို ရောက်နေကြသော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ အကနိဋ္ဌဘုံသည် သုဒဿီဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။
အကနိဋ္ဌဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသောကမ္မဌာန်းတရား (၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပဉ္စမဈာန်ကိုရလာသော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ရောက်နိုင်သည်။ ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထားသော ပဉ္စမဈာန်ကို ပွားများသောအခါ ပညိန္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။ ထို့ကြောင့် အကနိဋ္ဌဘုံကို ရောက်လာခြင်း ဖြစ်သည်။ အကနိဋ္ဌ၏ ပဋိသန္ဓေစိတ်သည် ရူပပဉ္ဖမဈာဉ် ဝိပါက်စိတ်ဖြစ်သည်။ ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃) ယောက်ရသည်။ ထိုဘုံကို အရိယာဘဝဂ်ဟုလည်း ခေါ်သည်။ အကနိဋ္ဌဘုံသို့ ရောက်ရှိသော ဗြဟ္မာများသည် တခြားဘုံသို့ မပြောင်းတော့ဘဲ ထိုဘုံမှာဘဲ ပရိနိဗ္ဗာန်စံသည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း တစ်သောင်းခြောက်ထောင် အသက်ရှည်သည်။ အကနိဋ္ဌဘုံသည်လည်း ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။ [၁]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads