အက်ဒင်ဗာရာမြို့စား မင်းသားဖိလစ်

From Wikipedia, the free encyclopedia

Remove ads

ဒုတိယ အယ်လစ်ဇဗက်ဘုရင်မ၏ ကြင်ဘက်တော်ဖြစ်သော ဖိလစ်မောင့် ဗက်တင်၏ ဘွဲ့အမည်ဖြစ်သည်။ ဂရိမင်းသား အန်ဒရုး၏သားတော် ဖိလစ်မောင့်ဗက်တင်အား ဂရိနိုင်ငံ ကောဖူးကျွန်းတွင် ၁၉၂၁ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့၌ ဖွားမြင်သည်။ ထို ဖိလစ်မောင့်ဗက်တင်သည် လူဝီမောင့်ဗက်တင်၏ တူဖြစ်သည်။

ဦးစွာ၌ ဖီးလစ် မောင့်ဗက်တင်သည်။ ပါရစ်မြို့ရှိ အမေရိကန် ကင်ဒါဂါတင်ကျောင်း ပြင်သစ်နိုင်ငံ စိန့်ကလို့ရှိ အမေရိကန်ကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။ အသက် ၈ နှစ်တွင် အင်္ဂလန်ပြည်သို့ သွားရောက်ကာ ဆာရေးနယ်ရှိ ချင်းမူလတန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။ ၁၉၃၉ ခုတွင် ဒါ့တမတ်ရေကြောင်းအတတ်သင် ကျောင်းသို့ ဝင်ရောက်သင်ကြားသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှရေတပ်ဗိုလ်ကလေးအဖြစ် စတင်အမှုထမ်းရင်း မြေထဲပင်လယ်အတွင်း တာဝန်ဆောင်ရွက်ခဲ့ရာ ၁၉၄၂ ခုတွင် ရေတပ်ဗိုလ်ကြီးဖြစ်လာ၍ ၁၉၄၄ တွင် ပစိဖိတ်သမုဒ္ဒရာဘက်တွင် တာဝန်ထမ်းဆောင်ခဲ့ရလေသည်။ ဤသို့ ဒုတိယကမ္ဘာစစ်တလျှောက်လုံး ဗြိတိသျှရေတပ်မတော်တွင် အမှုထမ်းဆောင်ခဲ့ပြီးနောက် ၁၉၄ရ ခု နိုဝင်ဘာ ၂၁ ရက်တွင် ဗြိတိသျှ နန်းလျာ အဲလစ်ဇဗက်မင်းသမီးနှင့် လက်ထပ်ခဲ့သည်။ အဲလစ်ဇဗက်မင်းသမီးသည် ၁၉၅၂ ခု ဖေဖွာရိီ ၆ ရက်တွင် ခမည်းတော် ဆဌဂျော့ဘုရင်၏အရိုက်အရာကို ဆက်ခံကာ ဘုရင်မ ဖြစ်လာသည်။ ဖိလစ်မောင့်ဗက်တင်သည် အဲလစ်ဇဗက်မင်းသမီးနှင့် လက်မထပ်မီ ၂ ရက်ခန့်အလိုတွင် ဆဌမဂျော့ဘုရင်ကအက်ဒင်ဗာရာမြို့စား ဘွဲ့ချီးမြှင့်ခြင်းခံရသည်။ ထိုဘွဲ့အမည်ဖြင့် ယခုအခါခေါ်တွင်လျက်ရှိ၏ ၁၉၅၃ ခုနှစ်တွင် အက်ဒင်ဗာရာမြို့စားသည် ရေတပ်ဗိုလ်ချုပ်မှူး စစ်သူကြီးနှင့် လေတပ်စစ်သူကြီး အဆောင်အယောင်များကို ရရှိခဲ့လေသည်။ []

Remove ads

အစောပိုင်းဘဝ

ဂရိမင်းသားတစ်ပါးဖြစ်သည့် ဖိလစ်ကို ၁၉၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ ဖခင် ဂရိမင်းသား အင်ဒရူ မိခင် ဘက်တင်ဘတ်မင်းသမီး အဲလစ်တိုမှ ကိုဖူးကျွန်းတွင် မွေးဖွားခဲသည်။

ကိုယ်ပိုင်းဘဝ

အနိစ္စရောက်ခြင်း

သက်တော် ၉၉နှစ်အရွယ်၊ ၂၀၂၁ခုနှစ် ဧပြီလ ၉ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သည်။ သက်တော် ၁၀၀ပြည့်ရန် နှစ်လမျှသာလိုပြီး၊ ဗြိတိသျှသမိုင်းတွင် အရှည်ကြာဆုံး ကြင်ယာတော်ဖြစ်လေသည်။[] သေဆုံးရသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads