အက်ဒလိတ်မြို့

From Wikipedia, the free encyclopedia

အက်ဒလိတ်မြို့
Remove ads

အက်ဒလိတ်မြို့သည် ဩစတြေးလျနိုင်ငံ တောင်ဩစတြေးလျပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်ပြီး စိန့်ဗင်ဆင့်ပင်လယ်ကွေ့အနီး၌ တည်ရှိ လေသည်။ ဩစတြေးလျနိုင်ငံအတွင်း ပဉ္စမမြောက် လူဦးရေ အများဆုံးမြို့ဖြစ်သည်။ ၂၀၁၀ ခုနှစ် စာရင်းအရ မြို့တွင်းရှိလူဦးရေမှာ ၁,၂၀၃,၈၇၃ ဦး ဖြစ်လေသည်။ သင်္ဘောဆိပ်သည် မြို့နှင့် ခုနှစ်မိုင်ကွာတွင်တည်ရှိသည်။

Thumb
အက်ဒလိတ်မြို့ မြင်ကွင်း


အင်္ဂလန်နိုင်ငံ စတုတ္ထဝီလျံဘုရင်၏ မိဖုရား အက်ဒလိတ်၏အမည်ကို အစွဲပြုကာ ထိုမြို့ကို အက်ဒလိတ်ဟု အမည် ပေးခဲ့လေသည်။ ထိုနယ်၌ အမှုထမ်းခဲ့သူ မြေတိုင်းအရာရှိကြီး ဝီလျံလိုက်ဆိုသူက စနစ်တကျတည်ထောင်ခဲ့သော မြို့ကြီးဖြစ် လေသည်။ ရှေးဦးစွာကပင် မြေပြင်ကျယ်ပြန့်သော နေရာ ကောင်းတွင် တည်ထားသဖြင့် ရှည်လျားကျယ်ပြန့်သော လမ်းမ ကြီးငယ်တို့မှာ ဖြောင့်တန်းညီညာလျက်ရှိသည်။

ဩစတြေးလျတိုက်၏ အတွင်းပိုင်းသည် ရာသီ ဥတုညံ့ဖျင်းမှုကြောင့် လူနေအိမ်ခြေ အလွန်နည်းပါးလျက် ရာသီဥတု မျှတကောင်းမွန်သော ပင်လယ်ကမ်းခြေတစ်လျှောက် ၌သာလျှင် လူနေအိမ်ခြေ စည်ကားပြီးလျှင် အရေးကြီးသောမြို့ ကြီးများမှာ ပင်လယ်ကမ်းခြေတစ်လျှောက်၌သာ များသောအားဖြင့် တည်ရှိကြသည်။

အက်ဒလိတ်မြို့သည် သာယာသော တောင်ကုန်းများ အနီးတွင် တည်ရှိသဖြင့် မြို့အနေအထားလှပပြီးလျှင် တောင် ခြေ၌ ဆင်ခြေဖုံးရပ်ကွက်ရှိကာ သိုက်မြိုက်တင့်တယ် နေချင် စဖွယ်သော တိုက်အိမ်တို့မှာ ဥယျာဉ်ပန်းမာလ် ခြံကြီးခြံငယ် တို့ဖြင့် ဝိုင်းရံလျက် ရှိကုန်၏။ အက်ဒလိတ်တက္ကသိုလ်ကို ၁၈၇၄ ခုနှစ်တွင် တည်ဆောက်နိုင်ခဲ့သည်။ သတ္တုတွင်းအတတ် နှင့် စက်မှုအတတ်များကို သင်ကြားပေးသော ကျောင်းတစ် ကျောင်း မြို့အတွင်း၌ရှိသည်။

အက်ဒလိတ်မြို့သည် မီးရထားလမ်းများဆုံရာအရောင်း အဝယ်ဗဟိုဌာနဖြစ်၍ ဂျုံ၊ ဂျုံမှုန့်၊ကြေးနီ နှင့် သိုးမွေးများကို ကမ္ဘာအရပ်ရပ်သို့ ဖြန့်ချိတင်ပို့၏။ ဒိန်ခဲ၊ အသား၊ ထောပတ် နှင့် သစ်သီးများ ထွက်သည့်အပြင် မော်တော်ကား အပိုပစ္စည်း များနှင့် ကိုယ်ထည်လုပ်ငန်းများလည်း ဖြစ်ထွန်းလျက်ရှိသည်။ ထိုမြို့ရှိ ရာသီဥတုမှာ နွေအခါ၌လွန်စွာပူ၍ ဆောင်း အခါအေးသဖြင့် လူများကို တောင့်တင်းခိုင်မာစေသည်။ ကုန်း နှင့်ပင်လယ်မှ လေပြည်များတိုက်ခတ်သဖြင့် လူများကို လန်း ဆန်းစေသည်။ ဆောင်းရာသီ မိုးရွာသည့်အခါမှလွဲလျှင် နေ့ တိုင်းလိုလို နေသာသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads