အက်ဗီညွန်မြို့

From Wikipedia, the free encyclopedia

အက်ဗီညွန်မြို့
Remove ads

အက်ဗီညွန်မြို့ သည် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းတွင်ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ဗောကလုစ် ဒေသအတွင်း တည်ရှိကာ ရုန်းမြစ်၏ လက်ဝဲဘက်ကမ်းပါးပေါ်တွင် တည်ရှိသည်။ ၂၀၁၁ ခုနှစ် စာရင်းအရ လူဦးရေ ၉၀,၁၉၄ ဦးရှိပြီး ၎င်းတို့ထဲမှ ၁၂,၀၀၀ ခန့်သည် အလယ်ခေတ် ခံတပ်ကတုပ်များဖြင့် ဝန်းရံထားသော မြို့ဟောင်းအတွင်း နေထိုင်ကြသည်။

အချက်တိုများ အက်ဗီညွန် Avignon, နိုင်ငံ ...

၁၃၀၉ ခုနှစ်မှ ၁၃၇၇ အတွင်း အက်ဗီညွန်မြို့တွင် ပုပ်ရဟန်းမင်းများ စိုးစံနေထိုင်ရာ ဖြစ်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ၇ဦး အထိ အက်ဗီညွန်တွင် နေထိုင်ခဲ့သည်။ ၁၃၄၈တွင် ဆဋ္ဌမမြောက် ပုပ်ရဟန်းမင်းကြီး ကလဲမန့်မှ မြို့အား နေပယ်လ်မှ ပထမမြောက် ဂျိုနာ ဘုရင်မထံမှ ဝယ်ယူခဲ့သည်။ ပုပ်ရဟန်းမင်းကြီးများသည် ၁၇၉၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး ပြင်သစ်တော်လှန်ရေး အတွင်းတွင် ၎င်းသည် ပြင်သစ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ယခုအခါ အက်ဗီညွန်မြို့သည် ဗောကလုစ်ဒေသ၏ မြို့တော်ဖြစ်လာပြီး ပြင်သစ်နိုင်ငံအတွင်း ခံတပ်ကတုပ်များ ယနေ့အထိ ကျန်ရှိသေးသော မြို့များတွင် တစ်မြို့ ဖြစ်လာခဲ့သည်။

ပလိုင်ဒီပတ်စ်နန်းတော်၊ အက်ဗီညွန် ကက်သီဒရယ် ဘုရားကျောင်း နှင့် ပုန့်ဒီ အက်ဗီညွန် တံတားတို့ ပါဝင်သည့် သမိုင်းဝင်ဌာနသည် ၁၉၉၅ ခုနှစ်တွင် ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခြင်း ခံရသည်။ အလယ်ခေတ် အထိမ်းအမှတ် အဆောက်အဦးများနှင့် အက်ဗီညွန်ပွဲတော်တို့က မြို့အား ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ အဓိက နေရာ ဖြစ်လာစေရန် ကူညီပေးလျက် ရှိသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads