သတင်းအချက်အလက်

From Wikipedia, the free encyclopedia

Remove ads

(သတင်း)အချက်အလက် (ခေါ်) အကြောင်းအချက် (အင်္ဂလိပ်: information) ဆိုသည်မှာ -

  • sensation ခေါ် ထိတွေ့ခံစားသိရှိခြင်းအားဖြင့် တွေ့ကြုံသိရှိဖူးသော၊ တွေ့ကြုံသိရှိနိုင်သော အခြင်းအရာများ
  • သို့မဟုတ် ထို့ထက်ပို၍ ၎င်းအခြင်းအရာအဖုံဖုံကို အရင်းစစ်ကြည့်မှု (Abstraction) ပြုထားသည့် အခြင်းအရာမျိုးများကို ပုံစံရာ(pattern) ကျကျဖြင့် အနက်အဓိပ္ပာယ်များ၊ ရိပ်ကဲပေါ်လွင်ချက်(နိမိတ်)များ အဖြစ် သယ်မှီးဖော်ဆောင်နိုင်သည့် အရာများ ဖြစ်၏။ သဘာဝမှ ကျပန်း(randomness) မဟုတ်ဘဲ ပုံစံရာကျစွာ ထွက်ပေါ်နေသော (သာဓကအားဖြင့် မြေပေါ် ရေပေါက်များ ထိခတ်မိသံ စိပ်စပ် ဆက်တိုက်ထွက်ပေါ်နေခြင်း) လှုံ့ဆော်ချက်များကလည်း (အပြင်တွင် မိုးရွာနေခြင်း) အခြင်းအရာကို အနက်အဓိပ္ပါယ်ဖော်ဆောင်နေသည့် ရိပ်ကဲပေါလွင်ချက်(နိမိတ်) များ ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့ကလည်း အချက်အလက် (ဝါ) အကြောင်းအချက်များဖြစ်၏။ ဘာသာစကားအဖြစ် လူတို့ အနက်အဓိပ္ပာယ် (ကိုယ်စားပြုလိုရာ) ညှိနှိုင်းသတ်မှတ်ထားသည့် အက္ခရာများ၊ စာလုံးများမှာလည်း အချက်အလက် (ဝါ) အကြောင်းအချက်များဖြစ်၏။

အကြောင်းအချက်များကို ဖန်တီး၊ သိုမှီး၊ ထိန်းကျောင်းသည့် နည်းပညာ(သိပ္ပအတတ်)များကို သင်္ချာနည်းဖြင့် လေ့လာသည့် နယ်ပယ်မှာမူ အကြောင်းအချက် သီအိုရီ (information theory) ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads