အချိုမှုန့်

အချိုမှုန့် ( A Cho Hmote ) From Wikipedia, the free encyclopedia

အချိုမှုန့်
Remove ads

အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate (MSG) ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခု ဖြစ်သည်။ Glutamic Acid လို့ခေါ်သော Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်လျှင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းနှင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်း ဖြစ်သည်။

Thumb
အချိုမှုန့်ထုပ်
အချက်တိုများ အမည်, အမှတ်အသားများ--> --> --> --> ----- templatepar ----- --> ...
Remove ads

အချိုမှုန့် စားသုံးမှု ဆိုးကျိုး

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးသော အင်ဆူလင် (Insulin) ၏ လုပ်ငန်းဆောင်တာတွင် အနှောင့်အယှက်တစ်ရပ် ဖြစ်၍ ဆီးချိုဖြစ်စေရန် ကောင်းကောင်း အထောက်အကူပြုပါသည်။[ကိုးကားချက်လိုသည်]

(၂) အစာ အလွန်အကျွံစားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို၊ အဝလွန်ခြင်းကို တားဆီးပေးသော ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖြစ်စေသည်။ အဝလွန်ခြင်း ဖြစ်လာလျှင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စသည့် ရောဂါများပါ ရလာနိုင်သည်။

(၃) ဦးနှောက်ဆဲလ်များကို မြန်မြန် ပျက်စီးယိုယွင်း စေသည်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်သော ရောဂါများ ဖြစ်စေရန် အလားအလာ အရမ်း များစေသည်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားသော ကလေးများမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရသည်။[ကိုးကားချက်လိုသည်]

(၄) ဂျာမနီနိုင်ငံတွင် အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေညာချက်များ၊ ဥပဒေများ ထုတ်ခဲ့ရဖူးပါသည်။ အချိုမှုန့် စားသော ကိုယ်ဝန်ဆောင်များ မွေးလာသည့် ကလေးများသည် အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း၊ (Insulin-resistant) မွေးရာပါ ဖြစ်လာခြင်း တွေ့ရသည်။ ထို့ကြောင့် ထိုကလေးများသည် ကြီးလာလျှင် ဆီးချိုဖြစ်ရန် သေချာသလောက် ဖြစ်သည်။ ထိုအချက်သည် ဖွ့ံဖြိုးဆဲနိုင်ငံများ၏ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေသော အချက်များထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။


(၅) အချိုမှုန့်စားသော ကိုယ်ဝန်ဆောင် မိခင်များမှ မွေးလာသော ကလေးများ၏ medulla oblongata, thalamus, or hypothalamus ဆိုသည့် ဦးနှောက် အစိတ်အပိုင်းများတွင် ရှိသော အာရုံကြောဆဲလ်များကို ပျက်စီးစေသည်။[ကိုးကားချက်လိုသည်]

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်း ဖြစ်နိုင်သည်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်သည်။ ထိုရောဂါစုသည် အချိုမှုန့် လွန်ကဲစွာပါသော အစားအသောက် စားပြီးပြီးချင်းတွင် မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် အနီစက်များ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကြပ်စွာ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့် လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းများ ဖြစ်စေသည်။ အချိုမှုန့်နှင့် ဓာတ်မတည့်သည့် ရောဂါ ဖြစ်သည်။[ကိုးကားချက်လိုသည်]

(၇) ပန်ကရိယ ခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါသည်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

Remove ads

ဘယ်လို လျော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads