အချုပ်အခြာအာဏာပိုင်နိုင်ငံ

From Wikipedia, the free encyclopedia

အချုပ်အခြာအာဏာပိုင်နိုင်ငံ
Remove ads
Remove ads

အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဆိုသည်မှာ ပြည်တွင်း ပြည်ပ အချုပ်အခြာ အာဏာ သက်ရောက်မှု ရှိခြင်း၊ လူဦးရေ အတည်တကျ ရှိခြင်း၊ အုပ်ချုပ်သည့် အစိုးရရှိခြင်း၊ အခြားသော အချုပ်အခြာ အာဏာပိုင်နိုင်ငံများနှင့် ဆက်ဆံနိုင်သည့် အခြေအနေရှိခြင်း စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသော နိုင်ငံ ကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။ ယေဘူယျအားဖြင့် အခြားနိုင်ငံတစ်ခုအား မှီခိုမနေသော၊ လွှမ်းမိုးခြင်း ခံမနေရသော နိုင်ငံကို ခေါ်ဆိုခြင်း ဖြစ်သည်။ ခြုံငုံသုံးသပ်ကြည့်ပါက အချုပ်အခြာ အာဏာပိုင် နိုင်ငံသည် အခြား အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခုကမျှ အသိအမှတ်မပြုပဲ နိုင်ငံ အဖြစ် ရပ်တည်နိုင်သောလည်း စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းနှင့် သံတမန် ဆက်ဆံရေးတို့တွင်မူ အခက်အခဲ ရှိမည် ဖြစ်သည်။

Thumb
ဥရောပရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံများ

နိုင်ငံ (country) ဆိုသော စကားလုံးကို အကြမ်းမျဉ်းအားဖြင့် အချုပ်အခြာ အာဏာပိုင်နိုင်ငံ များကို ရည်ညွှန်းသုံးနှုန်းကြသည်။ အစပိုင်းက နိုင်ငံဆိုသည်မှာ ပထဝီဒေသကိုသာ ရည်ညွှန်းသော်လည်း နောက်ပိုင်းတွင် အချုပ်အခြာအာဏာနှင့် ပထဝီ အနေအထား ထိန်းချုပ်နိုင်မှုကို ပါ ရည်ညွှန်းလေသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads