အင်ဂျလာ မာကယ်

From Wikipedia, the free encyclopedia

အင်ဂျလာ မာကယ်
Remove ads

အင်ဂျလာ ဒိုရသီယာ မာကယ် (Angela Dorothea Merkel) (၁၉၅၄ ဇူလိုင် ၁၇ မွေးဖွား) သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှ ယနေ့တိုင်အောင် ဂျာမနီနိုင်ငံ ၏ အဓိပတိ(ဝန်ကြီးချုပ်) အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ မာကယ်သည် မက်လန်ဘတ်ချ်-ဗိုပွန်မန် မှ နေ၍ ဘူဒန်စတတ် ခေါ် ဂျာမန် ပါလီမန်သို့ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံ ၏ ဥက္ကဋ္ဌ အဖြစ် ၂၀၀၀ ခုနှစ်မှ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ခရစ်ယာန် ဆိုရှယ် ယူနီယံ ပါလီမန် ညွန့်ပေါင်းအဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ တာဝန် ထမ်းဆောင် ခဲ့သည်။

Thumb
အင်ဂျလာ မာကယ်

၂၀၀၅ ခုနှစ် မှ ၂၀၀၉ ခုနှစ် အထိ သူမသည် ခရစ်ယာန် လူမှုရေး သမဂ္ဂ နှင့် ၎င်း၏ ညီအစ်မပါတီ ဖြစ်သော ဂျာမနီ ဆိုရှယ် ဒီမိုကရက်တီပါတီ တို့၏ ညွန့်ပေါင်း အဖွဲ့ကို ဦးဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၇ တွင် ကျင်းပသော ရွေးကောက်ပွဲတွင် သူမ၏ ပါတီဖြစ်သော ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံမှ မဲအများဆုံးရခဲ့ပြီး ခရစ်ယာန် ဆိုရှယ် ယူနီယံ၊ ဖရီး ဒီမိုကရက်တစ်ပါတီ တို့နှင့် ပူးပေါင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။ သူမ၏ အစိုးရသည် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

၂၀၀၇ ခုနှစ်တွင် မာကယ်သည် ဥရောပ ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ဂျီအိတ် အဖွဲ့အား ဦးဆောင်ခဲ့သည်။ သူမသည် လစ်စဘွန်းစာချုပ် နှင့် ဘာလင် ကြေညာစာတမ်း တို့တွင် အဓိက နေရာမှ ပါဝင်ပတ်သက်ခဲ့သည်။ သူမ၏ သက်တမ်းအတွင်း အဓိက ကိုင်တွင် ဖြေရှင်းသော နိုင်ငံတွင်းဆိုင်ရာ ပေါ်လစီများမှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ပြုပြင်ခြင်းနှင့် အနာဂတ်စွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ ပြဿနာများ ဖြစ်သည်။

မာကယ်သည် ဂျာမနီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပြီး ဂျီအိတ် အဖွဲ့ကို ဦးဆောင်သည့် အမျိုးသမီးများတွင် မာဂရက် သက်ချာ ပြီးလျှင် ဒုတိယမြောက် ဖြစ်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads