အင်ဒရီး မယ်ရီ အမ်ပီယာ

From Wikipedia, the free encyclopedia

အင်ဒရီး မယ်ရီ အမ်ပီယာ
Remove ads

အင်ဒရီး မယ်ရီ အမ်ပီယာ (၁၇၇၅-၁၈၃၆) သည် ၁၉ ရာစုက ပေါ်ထွန်းခဲ့သော ပြင်သစ် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ လိုင်ယွန်မြို့အနီးရှိ ပိုလီမီးရဲ (Polemieux) အရပ်ဒေသတွင် မွေးဖွားခဲ့သည်။

အချက်တိုများ André-Marie Ampère, မွေးဖွား ...

အင်ဒရီး မယ်ရီ အမ်ပီယာသည် လျှပ်စစ်ဓာတ်အားနှင့် သံလိုက်စက်ကွင်း တို့ကြားတွင် ဆက်စပ်မှုရှိနေခြင်းကို စူးစမ်းရှာဖွေခဲ့သော သိပ္ပံပညာရှင်များအနက် ထင်ရှားသော ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးအဖြစ် သိမှတ်ကြရသည်။ အကြောင်းအရင်းမှာ သူသည် ၁၈၂၀ ခုနှစ်တွင် လျှပ်စစ်သံလိုက်အကျိုးပြုမှု သဘောတရား (principle of electromagnetic reaction) ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ *အမ်ပီယာ

Remove ads

အခြားတွေ့ရှိချက်များ

၁၈၂၀ ခုနှစ်တွင် သူဖော်ထုတ်ခဲ့သော လျှပ်စစ်သံလိုက်အကျိုးပြုမှု သဘောတရား၏ အကျိုးဆက်အနေဖြင့် သံလိုက်စက်ကွင်း(magnetic field) တစ်ခုအတွင်းရှိ လျှပ်ကူးပစ္စည်း (Conductor) တစ်ခုအပေါ် ပြင်ပသက်ရောက်အား (force) ပေးလိုက်ခြင်းဖြင့် နည်းလမ်းမှန်စွာ လှုပ်ရှားစေနိုင်ခဲ့လျှင် လျှပ်ကူးပစ္စည်းတွင် လျှပ်စစ်တွန်းအား (electro motive force) ဖြစ်ပေါ်လာပြီး ပတ်လမ်းပြည့်စုံပါက လျှပ်စီးကြောင်း (electrical current) လည်း ဖြတ်သန်းစီးဆင်းသွားနိုင်ခြင်း သဘောတရားများအထိ ဆက်လက်စူးစမ်း သိရှိလာကြရသည်။ သူ့အနေဖြင့်လည်း လျှပ်စီးဆင့်ကဲပွားများမှု သီအိုရီ (electrodynamic theory)၊ လျှပ်စစ်နှင့် သံလိုက်တို့၏ ဆက်သွယ်ချက်၊ လျှပ်စီးဆင့်ကဲပွားများခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များ စုစည်းမှု (Collection of Observations on Electrodynamics, 1822) နှင့် (Theory of Electrodynamics Phenomena , 1826) စာအုပ်များကို ပုံနှိပ် ထုတ်ဝေနိုင်ခဲ့သည်။

Remove ads

ငယ်စဉ်ဘဝ

အမ်ပီယာကို ၁၇၇၅ ဇန်နဝါရီလ ၂၀ ရက်နေ့တွင်မွေးဖွားခဲ့သည်။ သူသည် ကလေးဘဝမှစကာ ဆယ်ကျော်သက် အရွယ်အထိ မိသားစုနှင့်အတူ လိုင်ယွန်မြို့အနီးရှိ မွေးရပ်ဇာတိ ပိုလီမီးရဲ အို့ဇ် မွန့်ဒေါ (Poleymieux-au- Mont-d'Or) တွင်နေထိုင် ခဲ့သည်။ ဖခင်ဖြစ်သူ၏ သင်ကြားပေးမှုကြောင့် လက်တင်ဘာသာကို တတ်မြောက်ခဲ့သော်လည်း မူလအထုံပါရမီနှင့် စိတ်ဝင်စားသည့် ဘာသာရပ်မှာ သင်္ချာဖြစ်သည်။ သို့သော် အမ်ပီယာသည် လက်တင်ဘာသာကိုသာ တိုး၍ကြိုးစားလေ့လာခဲ့သည်။ ဆရာအနေဖြင့် ဆွီဇာလန် သိပ္ပံပညာရှင် နှစ်ယောက် ဖြစ်သည့် အူးလား (Euler) နှင့် ဘာနွာလီ (Bernoulli) တို့ ဖြစ်ကြသည်။

အသက် ၁၈ နှစ်အရောက်တွင် အမ်ပီယာသည် သင်္ချာနှင့် သိပ္ပံဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင် လာပြီဖြစ်သည်။ နောက်ပိုင်းတွင်လည်း သမိုင်း၊ ခရီးသွားပညာရပ်၊ ကဗျာ၊ ဒဿနိကဗေဒနှင့် သဘာဝသိပ္ပံပညာရပ်များကိုပါ လေ့လာခဲ့သည်။ ပြင်သစ်တော်လှန်ရေး ကာလအတွင်းတွင် ဖခင်ဖြစ်သူက အမ်ပီယာအား လိုင်ယွန်မှခွာကာ အခြားစိတ်ချရသည့်နေရာသို့ ပြောင်းရွေ့နေထိုင်ရန် ပြောသော်ငြား ပြောင်းရွှေ့ခြင်း မပြုခဲ့ပေ။ သို့သော်ကံအကြောင်းမလှသဖြင့် ဖခင်ဖြစ်သူမှာ ပြင်သစ်တော်လှန်ရေး အပြီးတွင် ဖမ်းဆီးကွပ်မျက်ခံခဲ့ရသဖြင့် အမ်ပီယာတစ်ယောက် များစွာစိတ်ထိခိုက် ခဲ့ရသည်။

Remove ads

မိသားစုဘဝနှင့် အလုပ်အကိုင်

၁၇၉၆ အရောက်တွင် ယူလီကာရွန် (Julie Carron) နှင့် တွေ့ဆုံ မေတ္တာမျှကာ ၁၇၉၉ တွင်လက်ထပ်ခဲ့သည်။ ၁၇၉၆ ခန့်တွင် လိုင်ယွန်တက္ကသိုလ်၏ သင်္ချာ (mathematics)၊ ဓာတုဗေဒ (chemisty) နှင့် ဘာသာစကား (languages) ဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၈၀၁ တွင် ဘောဒိုးတက္ကသိုလ်သို့ ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ်များအတွက် ပါမောက္ခအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည်။ ၁၈၀၃ ခုနှစ်တွင် ဇနီးသည်ဆုံပါးသွားပြန်သဖြင့် အမ်ပီယာ စိတ်ဒုက္ခ ရောက်ကာ ပင်စင်ယူခဲ့သည်။ သို့သော်လည်း ၁၈၀၄ ခုနှစ်တွင် လိုင်ယွန် တက္ကသိုလ် အကြံပေး အဖြစ် လုပ်ခဲ့သေးသည်။

Jean Baptiste Joseph Delambre ၏ ထောက်ခံချက်အရ လိုင်ယွန်တွင် ခန့်အပ်ခံရသည်။ ၁၈၀၅ နောက်ပိုင်းတွင် ပါရီမြို့တော်ရှိ စက်မှုအထက်တန်းကျောင်း (polytechnic ကျောင်း) ၌ အရေးမပါလှသော နေရာတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။ ၁၈၀၉ ခုနှစ် သင်္ချာဌာန၏ပါမောက္ခ ဖြစ်လာခဲ့သည်။ ထိုအချိန် ထိုနေရာမှစကာ အမ်ပီယာသည် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနများအား မလျော့သော ဇွဲ လုံ့လ ဝီရိယတို့ဖြင့် လေ့လာလိုက်စားခဲ့သည် ၁၈၁၄ ခုနှစ်တွင် တက္ကသိုလ်၏ အဖွဲ့ဝင် အဖြစ်ခန့်အပ်ခံရသည်။

အသစ်တွေ့ရှိချက်များ

လျှပ်စစ်သံလိုက် (Electromagnetic) ဟုခေါ်သည့် လျှပ်စီးအား (electricity) နှင့် သံလိုက်အား(magnetism) တို့ အကြားမှာရှိသည့် ဆက်သွယ်ချက်ကို ပြသနိုင်ခဲ့သည်။ ၁၈၂၀ စက်တင်ဘာလ ၁၁ ရက်နေ့တွင် H. C. Ørsted's ရှာဖွေတွေ့ရှိခဲ့သည့် voltic current ကြောင့် action ဖြစ်စေသည့် magnetic needle အကြောင်းကို ကြားခဲ့သည်။ ထိုသို့ကြားသိရပြီးနောက် တစ်ပတ်အကြာ စက်တင်ဘာလ ၁၈ ရက်နေတွင် ထူးခြားသော သဘောတရားများဖြင့် ပြီးပြည့်စုံသော စာတမ်းတစ်စောင်ကို တင်သွင်းခဲ့သည်။ ထိုနေ့တွင်ပင် နီးကပ်စွာအပြိုင်ထားရှိသော conductor နှစ်ချောင်းအတွင်းတွင် တစ်ဖက်သွားလျှပ်စစ် ဖြတ်သန်းစီးဆင်းစေသည့် အခါ လျှပ်စစ်စီးဆင်းသည့် လားရာ (direction) များ တူနေပါက ၎င်းတို့သည် အချင်းချင်း တစ်ခုကို တစ်ခုက အပြန်အလှန်ဆွဲငင်နေကြပြီး လားရာမတူသည့် အခါတွင်မူ တစ်ခုကို ကျန်တစ်ခုက အပြန်အလှန် တွန်းကန်နေကြကြောင်း ဖော်ထုတ်ပြသနိုင်ခဲ့သည်။

Electromagnetism နယ်ပယ်သည် အမ်ပီယာကြောင့် ပြန့်ပွား လာခဲ့သည်။ သင်္ချာပညာရပ်ဆိုင်ရာ သီအိုရီများ (mathematical theory) သည်လည်း တိုးတက်လာခဲ့သည်။ ထိုမျှမက သူလေ့လာထား၊ တွေ့ရှိထားသည့် (electromagnetic phenomena) အပြင် နောက်ထပ် ဖြစ်ပေါ်လာနိုင်သည့် တွေ့ရှိချက်အသစ်များကိုလည်း ဟောကိန်း ထုတ်ခဲ့သည်။ ၁၈၂၈ ခုနှစ် အရောက်တွင် ဆွီဒင် သိပ္ပံအကယ်ဒမီ၏ နိုင်ငံခြားသား အဖွဲ့ဝင်အဖြစ် ရွေးကောက် ခြင်းခံရသည်။

Remove ads

ဘဝနိဂုံး

၁၈၃၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် အမ်ပီယာသည် မာဆေး၌ ကွယ်လွန်ပြီး သူ၏ ရုပ်ကလာပ်အား ပါရီရှိ မွန်မာထရယ် သင်္ချိုင်း (Cimetière de Montmartre) ၌ မြေမြုပ်သင်္ဂြိုဟ် ခဲ့သည်။ သတင်းစာများက သူသည် ရိုးသားသူ၊ အပြစ်ကင်းသူ၊ သနားကြင်နာတတ်သူ စသည်ဖြင့် ဂုဏ်ပြုရေးသားခဲ့ကြသည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads