အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ဘေးမဲ့တော From Wikipedia, the free encyclopedia

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောmap

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဒေသတွင် တည်ရှိသည်။ ဆောင်းခိုငှက်များနှင့် သူတို့နေထိုင်ကျတ်စားရာ နေရာများကို ထိန်းသိမ်းရန်သည် ဘေးမဲ့တော တည်ထောင်ရသည့်ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဇီဝအဝန်းနယ်မြေ (Bioshpere Reserve) အဖြစ် ယူနက်စကို၊ လူသားနှင့်ဇီဝအဝန်းနယ်မြေအစီအစဉ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကော်မတီ (UNESCO Man and the Biosphere Reserve Programme, International Coordinating Council) မှ (၂၇)ကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုသတ်မှတ်ခဲ့သည်။

အချက်တိုများ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော, တည်နေရာ ...
အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
အင်းလေးကန် ဇီဝအဝန်းနယ်မြေ
IUCN category V (protected landscape/seascape)
Thumb
ဘေးမဲ့တော ဝင်ပေါက် ဆိုင်းဘုတ်
Thumb
နိုင်ငံတွင်း တည်နေရာပြ မြေပုံ
တည်နေရာရှမ်းပြည်နယ်ပင်လောင်းမြို့နယ်ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များအတွင်း။
အနီးဆုံး မြို့ညောင်ရွှေမြို့
ကိုဩဒိနိတ်20.13°N 96.56°E / 20.13; 96.56
ဧရိယာ၂၀၆.၀၇ sq mi (၅၃၃.၇ km2)[]
ဖွဲ့စည်း၁၉၈၅ ခုနှစ်
အုပ်ချုပ်ရေးသစ်တောဦးစီးဌာန
ပိတ်ရန်
Thumb
တောင်ကြီးမြို့နယ်အဝင်တွင် စိုက်ထူထားသော အင်းလေးကန် ဇီဝအဝန်းနယ်မြေ ဆိုင်းဘုတ်

တည်နေရာ

မြောက်လတ္တီတွဒ်၂၀°၁၃'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၅၆'၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များအတွင်း တည်ရှိသည်။ ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်းမှာ ၆၄၀.၉၁ စတုရန်းကီလိုမီတာ (၂၄၇.၄၆ စတုရန်းမိုင်) ရှိသည်။

သဘာဝအရင်းအမြစ်များ

အဓိကအရင်းအမြစ်မှာ ဆောင်းခိုငှက်များနှင့် ဒေသတွင်းငှက်များ နေထိုင်ကျတ်စားကြခြင်း ဖြစ်ပြီး ၁၇၅မျိုးသော မျိုးစိတ်များ ကျတ်စားနေထိုင်ကြသည်ဟု သိရသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

ဓာတုဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများ မလျော်ညီစွာသုံးစွဲမှုများကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်။ ခရီးသွားလုပ်ငန်း တိုးတက်ကြီးထွားလာသည်နှင့်အညီ သဘာဝပတ်ဝန်ကျင်အား ဂရုစိုက်မှုမရှိသောကြောင့် ပျက်စီးညစ်နွမ်းမှုများ ဖြစ်ပေါ်နေသည်။ ဇုံအတွင်းထုတ်ပြန်ထားသော စည်းကမ်းများကို ဒေသခံတံငါသည်များသည် လေးစားလိုက်နာခြင်းမရှိကြ‌ချေ။ အဓိကမှာ စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲလာခဲ့ပြီး ဆင်ခြေလျှောမှ မြေများ တရွေ့ရွေ့ ရေထဲသို့အနည်ထိုင်ခြင်းဖြစ်သည်။ ဤရလဒ်များအဖြစ် ရေတိမ်လာပြီး ရေထုညစ်ညမ်းလာခဲ့သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

ရန်ကုန်တက္ကသိုလ်နှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း တို့မှ ပူပေါင်းပြီး နှုံးများနှင့် ပိုးသတ်ဆေးများအသုံးပြုခြင်းကို လေ့လာခဲ့ကြသည်။

ခရီးသွားလာရေးလုပ်ငန်းများ

လမ်းပမ်းဆက်သွယ်ရေး

  • ရန်ကုန်-ဟဲဟိုး လေယဉ်ဖြင့် - ၁ နာရီ
  • ဟဲဟိုး-ညောင်ရွှေ ကားဖြင့် - ၁၉ မိုင်

[]

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

  • ကမ္ဘာပေါ်တွင် ထင်ရှားသည့် ပင်လယ်ရေမျက်နှာပြင် အထက် (၂၉၅၀)ပေတွင် ထူးခြားသော ရေတိမ်ဒေသဂေဟစနစ် (Wetland Ecosystem) ကို လေ့လာနိုင်ခြင်း၊
  • ရှမ်းကုန်းမြေမြင့်၏ တောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစားနိုင်ခြင်း၊ ငှက်မျိုးစုံလင်စွာ လေ့လာကြည့်ရှုနိုင်ခြင်း၊

သုတေသနပြုလုပ်နိုင်ခြင်း၊

  • အခြားနိုင်ငံဒေသများ၌ မတွေ့ရှိနိုင်သော ငါးမျိုးများ၏ နေထိုင်ကျက်စားမှုကို လေ့လာနိုင်ခြင်း၊
  • အင်းသားတို့၏ ရိုးရာကျွန်းမျှောများကို အသုံးပြု၍ ရေပေါ်စိုက်ခင်းများ တည်ထောင်စိုက်ပျိုးမှုစနစ်ကို လေ့လာနိုင်ခြင်း၊
  • တိုင်းရင်းသားများ၏ ခြေဖြင့်လှော်ခတ်သည့် ထူးခြားသော ဓလေ့ကို လေ့လာနိုင်ခြင်း၊
  • ရေလယ်ဖောင်တော်ဦး ဘုရားကို ဖူးမြော်ကြည်ညိုနိုင်ခြင်း၊
  • ရေပေါ်ဈေးကို လေ့လာနိုင်ခြင်း။

[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.