အစေလကသိက္ခာပုဒ်

From Wikipedia, the free encyclopedia

အစေလကသိက္ခာပုဒ်
Remove ads

အမှု-ပရိဗိုဇ်မအား မုံ့ ၂ ရှက်(မှား၍)ပေးမိ

အမှုသည်-အရှင်အာနန္ဒာ


အရှင်အာနန္ဒာနှင့် ပရိဗိုဇ်မ

ဤသိက္ခာပုဒ် ပညတ်တော်မူခါနီး အချိန်ဝယ် သံဃာတော်၌ “ခဲဘွယ်”ဟု ခေါ်ရသော မုံ့ပဲ သရည်စာတွေ (စားရုံဖြင့် မကုန်နိုင်အောင်) ပေါများ နေလေသည်၊ အရှင်အာနန္ဒာသည် ထိုအကြောင်းကို ဘုရားရှင်အားလျှောက်၍ “အကြွင်း အကျန်ကို တောင်းရမ်းစားသောက်သူတို့အား ဝေပေးလိုက်”ဟု ဘုရားရှင် မိန့်တော်မူသောကြောင့် စားကြွင်းစားသူတို့ကို စီတန်းထိုင်နေစေ၍ မုံ့တရှက်စီ ဝေပေးလေရာ ရသေ့ ပရိဗိုဇ်မ တယောက်အား တရှက် အထင်ဖြင့် ၂ ရှက်ထပ်ကို ပေးမိလေသည်၊ ထိုအကြောင်းကို သိသော အနီးအပါး ပရိဗိုဇ်မများက “ဒီရဟန်းက ညီးလင်ငယ်”ဟု ပြောကြလေသော်လင်ငယ် မဟုတ်ပါ, တရှက်ဟုထင်ပြီး ၂ ရှက်ပေးတာပါ”ဟု ပြန်ပြော၏။ နောက်နေ့ မုံ့ဝေပေးရာ၌လည်း ထိုပရိဗိုဇ်မအားပင် မှား၍ ပေးမိပြန်၏၊ ထို့နောက်လည်း တကြိမ်ထပ်၍ မှားပြန်၏၊ ထိုအခါ “လင်ငယ်ဘဲ, လင်ငယ်မဟုတ်”ဟု အငြင်း အခုန် ဖြစ်ကြလေသည်။ []

Remove ads

အာဇီဝကတယောက် ပြောပုံ

အာဇီဝက တယောက်သည် ဆွမ်းလုပ်ကျွေးရာ အရပ်သို့ သွားလေသော် သူ့အား ရဟန်းတပါးက ထောပတ်ဖြင့် ဆွမ်းကိုနယ်၍ ပေး၏၊ “ဘယ်ကရသလဲ”ဟု အခြား အာဇီဝကတယောက်က မေးလတ်သော် ရဟန်းဂေါတမဆိုတဲ့ ကတုံး သူကြွယ်ကို ဆွမ်းလုပ်ကျွေးတဲ့နေရာက ရခဲ့တယ်”ဟု ဗုဒ္ဓရှင်တော်အား ထိပါးပြောဆိုသံကို ဥပါသကာများကြား၍ ဗုဒ္ဓမြတ်စွာအား လျှောက်ကြံသည်မှာ-“မြတ်စွာဘုရား—ဒီတိတ္ထိတွေဆိုတာ ဗုဒ္ဓဓမ္မနှင့် သံဃာတော်များ၏အပြစ်ကိုသာ လိုလားကြပါသည်။ အရှင်ရဟန်းတော်များသည် ထိုတိတ္ထိတို့အား မိမိတို့လက်ဖြင့် (ကိုယ်တိုင်) မပေးကြလျှင် ကောင်းလိမ့်မည် ထင်ပါသည်”၊ ဤသို့လျောက်ကြပြီးလျှင် ဗုဒ္ဓရှင်တော်၏ တရားစကားကို နာယူပြန်သွားပြီးနောက် ဤသိက္ခာပုဒ်ကို ပညတ်တော်မူလေသည်။ []

Remove ads

သိက္ခာပုဒ်

ယော ပန ဘိက္ခု အစေလကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ။ []

မြန်မာပြန်

အစေလက အား၎င်း, ပရိဗိုဇ်ယောက်ျား အား၎င်း, ပရိဗိုဇ်မအား၎င်း မိမိလက်ဖြင့် ခဲဘွယ် ဘောဇဉ်ကို ပေးလျှင် ပေးသောရဟန်းသည် ပါစိတ်အာမတ်သင့်၏၊ မိမိလက်ဖြင့်ပေးမှ (တိုက်ရိုက်ပေးမှ) အာပတ်သင့်ရကား, သူတပါးကို အပေးခိုင်းလျှင်၎င်း, သူ့လက်မှ ချထားသော ခွက်ထည်း၌ ထည့်လျှင်၎င်း အာပတ် မသင့်။[]

မှတ်ချက်

အဝတ်မဝတ်သူကို “အစေလက-တက္ကဒွန်း” ဟုခေါ်၏။ [“စေလ-အဝတ်+အ-မရှိသူ”] အဝတ်ဝတ်သော ရသေ့အမျိုးမျိုးကို “ပရိဗိုဇ်” ဟုခေါ်၏၊ ပြခဲ့သော အာဇီဝကလည်း အဝတ်ပါလျှင် ပရိဗိုဇ်မျိုးပင်တည်း၊ ထိုအားလုံးသည် သာသနာတော်မှ တမျိုးတခြား အယူရှိသူ တိတ္ထိများသာ ဖြစ်ရကား ယခုကာလ၌ ဖိုးသူတော်နှင့် သီလရှင်များမှာ သာသနာတော် အယူကိုသာ ယူကြသောကြောင့် တိတ္တိမဟုတ်နိုင်ကြ၊ သုတ်ပါထေယျ သမ္ပသာဒနီယသုတ် အဋ္ဌကထာ၌ ပြအပ်သော သေတဝတ္ထ သမဏဝံသ-အဝတ်ဖြူဝတ် ရဟန်းနွယ်များ”ဖြစ်ကြသည်၊ သာသနာတော်အယူကိုသာ ယူသော ရသေ့ရသူများလည်း ဤနည်းပင်တည်း။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads