အစေလကဿပသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ဤသုတ်ကို မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အစေလကဿပ၏ လျှောက်ထားချက်အရ ဆွမ်းခံဝင်ကြွနေစဉ် လမ်းခရီး၌ ဟောတော်မူသည်။

အစေလကဿပက ဒုက္ခနှင့်စပ်လျဉ်း၍ မိစ္ဆာအယူလေးချက်ကို မေးလျှောက်သည်။ ဘုရားရှင်က အားလုံးကိုပယ်တော်မူသည်။ အရှင်ဂေါတမသည် ဒုက္ခကို မသိ မမြင်ပါသလောဟု လျှောက်ထားရာ ဘုရားရှင်က ရှင်းလင်းမိန့်ကြားတော်မူပြီး ပဋိစ္စသမုပ္ပါဒအနုလောမ၊ ပဋိလောမဒေသနာတော်ကို ဟောကြားတော်မူသည်။

အစေလကဿပက ဥပါသကာအဖြစ်လျှောက်ထား၍ ရဟန်းပြုခွင့်တောင်းခံ လျှောက်ထားရာ ဘုရားရှင်က တိတ္ထိဘဝမှ ဤသာသနာတော်သို့ ဝင်ရောက်ကူးပြောင်း လာသူများ ကျင့်သုံးရမည့်ကျင့်စဉ်များကို မိန့်ကြားတော်မူပြီး ရဟန်းပြုခွင့်ပေးတော်မူသည်။ အစေလကဿပသည် မကြာမီ ရဟန္တာဖြစ်သွားပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -တိတ္ထိများလေးစားအောင် ဘုရားရှင်၏ဆောင်ရွက်ချက် အစေလကဿပကို ဘုရားရှင်ကိုယ်တော်တိုင် ရဟန်းပြုပေးတော်မူပုံ စသည်တို့ကို ဖွင့်ပြ ထားပါသည်။


[] ဤသုတ်၌ ပါရှိသော အစေလကဿပသည် စိတ္တသူကြွယ်၏ မိတ်ဆွေဟောင်း ဖြစ်သည်။ စိတ္တသူကြွယ်ကမေးသဖြင့် “မိမိရဟန်းပြုသည်မှာ အနှစ်သုံးဆယ်ရှိပြီ ဖြစ်ကြောင်း၊ အနှစ်သုံးဆယ်ပတ်လုံး အဝတ်မဝတ်ကြောင်း၊ ဦးပြည်းရခြင်း၊ တင်ပါး၌ ဖုန်ခါရန် ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှတပါး ဥတ္တရိမနုဿဓမ္မကိုမရပါ” ဟု ပွင့်ပွင့်လင်းလင်း ဖြေကြားပါသည်။ အစေလကဿပက စိတ္တသူကြွယ်အားပြန်မေးသဖြင့် စိတ္တသူကြွယ်က “မိမိဥပါသကာဖြစ်သည်မှာ အနှစ်သုံးဆယ်ရှိပါပြီ။ အလိုရှိတိုင်း ရူပဈာန်များဝင်စားနိုင်ပုံ၊ ကာမဘုံသို့ ပဋိသန္ဓေပြန်နေရမည့် သံယောဇဉ်များ ပယ်ပြီးဖြစ် ပုံတို့ကို” ဖြေကြားသည့်အခါ အစေလကဿပက မိမိဗုဒ္ဓမြတ်စွာသာသနာတော်၌ ရဟန်းပြုလိုကြောင်း ပြောကြားသဖြင့် စိတ္တသူကြွယ်၏ လျှောက်ထားချက်အရ မထေရ် ကြီးများက ရဟန်းပြုပေးကြသည်။ အစေလကဿပသည် မကြာမီ ရဟန္တာဖြစ်သွားပုံကို ဟောကြားတော်မူသည့်သုတ်။

[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads