အစ်ဂ်ဒြာစီ

ကမ္ဘာကိုးခုကို ဆက်သွယ်ပေးထားသည့် ဒဏ္ဍာရီလာ သစ်ပင် From Wikipedia, the free encyclopedia

အစ်ဂ်ဒြာစီ
Remove ads

အစ်ဂ်ဒြာဆီ သစ်ပင် (အင်္ဂလိပ်: Yggdrasil, ရှေးဟောင်းနော့စ် : Yggdrasill ) သည် ဒဏ္ဍာရီလာ အလွန်ကြီးမားသော သစ်ပင်တစ်ပင်ဖြစ်၍ နော့စ် စကြဝဠာသဘောတရား၌ အဓိကကဏ္ဍအဖြစ်ပါဝင်သည်။ အဆိုပါသစ်ပင်ကြီးသည် ကမ္ဘာကိုးခုကို ဆက်သွယ်ပေးထား၏။

Thumb
"The Ash Yggdrasil" (1886) by Friedrich Wilhelm Heine

အစ်ဂ်ဒြာဆီသည် အက်ဒါ ကဗျာလင်္ကာအက်ဒါ စကားပြေ တို့၌ ထင်ရှားစွာပါဝင်ခဲ့သည်။ ထိုရင်းမြစ်နှစ်ခုလုံးတွင် ဤသစ်ပင်သည် အလွန်အမင်းကြီးမား၍ အသားမာသစ်ပင်တစ်မျိုး (ash tree) ဖြစ်၍ စကြဝဠာအလယ်တွင်ရှိကာ အလွန်မြင့်မြတ်သည်ဟု ယူဆကြသည်။ အိုင်းဆစ်ယာနတ်ဘုရားများသည် ထိုသစ်ပင်သို့ နေ့စဉ်သွားလာကြပြီး စုဝေးညီလာခံထိုင်ကြသည်။ အစ်ဂ်ဒြာဆီအပင်၏ ကိုင်းများသည် ကောင်းကင်ဘုံအထိ ရှည်လျှားကာ အပင်ကို အခြားဒေသများအထိရောက်ရှိသော အမြစ်သုံးကြောင်းမှ ထောက်ပေးထားသည်။ ကောင်းကင်ဘုံများရှိ Urðarbrunnr ရေကန်သို့ အမြစ်တစ်ကြောင်း၊ Hvergelmir စမ်းကြောင်းဆီသို့ အမြစ်တစ်ကြောင်း၊ နောင်ဆုံးအမြစ်တစ်ကြောင်းမှာ Mímisbrunnr ရေကန်သို့ဖြစ်သည်။ ဤသစ်ပင်တွင် နီဟော့ဂရာ နဂါး၊ ဗက်သရာဖိုးနီယာ သိမ်းငှက်နှင့် အခြားသိမ်းငှင်တစ်ကောင် (အမည်မသိ)၊ သမင်ဖိုလေးကောင် ဒိန်၊ ဒွာလင်၊ ဒွန်နရယ်၊ ဒြူရာသရော် တို့ဖြစ်ကြသည်။

ဤသစ်ပင်၏ အခြားအမည်များမှာ Hoddmímis holt ၊ Mímameiðr ၊ Læraðr တို့ဖြစ်သည်ဟူ၍ ပညာရှင်များက ယေဘုယျသဘော ယူဆကြသည်။ ဂျာမန်နစ်ရိုးရာဘာသာတရားနှင့် ဒဏ္ဍာရီတို့၌ ဤသစ်ပင်သည် မြင့်မြတ်သော သစ်ပင်များ၊ တောအုပ်တို့၏ နမူနာဖြစ်ကာ ဂျာမန်နစ်ဝေါဟာရဗေဒနယ်ပယ်၏ အစောပိုင်းကာလမှစ၍ အစ်ဂ်ဒြာဆီသစ်ပင်၏ ပါဝင်ပတ်သက်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads