အညတရဗြဟ္မသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဤဗြဟ္မာဘုံသို့ လာရောက်နိုင်သော သမဏ, ဗြာဟ္မဏတို့ မရှိဟု အယူမှားနေသော အညတရဗြဟ္မာ၏ စိတ်အကြံကို သိတော်မူ၍ ထိုဗြဟ္မာ၏ အထက်ကောင်းကင်၌ ဘုရားရှင်နှင့် အရှင်မဟာမောဂ္ဂလ္လာန်ထေရ် အရှင်မဟာကဿပထေရ်၊ အရှင်မဟာကပ္ပိနထေရ်၊ အရှင်အနုရုဒ္ဓါထေရ်တို့ ကြွရောက်၍ တေဇောကသိုဏ်းသမာပတ် ဝင်စား၍ သီတင်းသုံးတော်မူပုံ၊ အရှင်မဟာမောဂ္ဂလ္လာန်မထေရ်က မေးမြန်းသဖြင့် အညတရဗြဟ္မာက “မိမိမှာ မူလကယူမှားခဲ့သော အယူမှားများမရှိတော့ကြောင်း” လျှောက်ထားပြီး၊ ယင်းဗြဟ္မာက ဗြဟ္မပါရိသဇ္ဇာဗြဟ္မာအား “အရှင်တို့ကဲ့သို့ တန်ခိုးအာနုဘော်ကြီးမားသော အခြားဗုဒ္ဓသာဝကများ ရှိပါသေးသလော” ဟု မေးလျှောက်စေ၍ အရှင်မောဂ္ဂလ္လာန်အား မေးလျှောက်ပုံ၊ အရှင်မောဂ္ဂလ္လာန်ထေရ်က “တန်ခိုးအာနုဘော် ကြီးမားသော အခြားဗုဒ္ဓသာဝကများ များစွာရှိပုံ”ကို ဟောပြသည့်သုတ်။
အဋ္ဌကထာ၌ -တေဇောကသိဏသမာပတ်ဝင်စားပုံ၊ ဘုရားရှင်၏ ရောင်ခြည်တော်မှာ ခြောက်မျိုးရှိသော်လည်း သာဝကများ၏ ရောင်ခြည်မှာ ပကတိ အရောင်များသာဖြစ်ပုံ၊ ဒေသနာတော်အဆုံး၌ အညတရဗြဟ္မာ သောတာပန်ဖြစ်ပုံ၊ ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာတို့ အကြောင်းကို ဖွင့်ပြထားပါသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads