အညာ
မြန်မာနိုင်ငံ၏ ပထဝီဝင်ဒေသ From Wikipedia, the free encyclopedia
Remove ads
အညာ၊ အကြေ ဟူသော ဝေါဟာရများသည် အညှာ၊ အခြေ ဟူသော အသုံးများမှ ဆင်းသက်လာသည်။ အထက် နှင့် အောက် ဟု အဓိပ္ပာယ်ရသည်။ ရေမြေသဘာဝအရ မြန်မာနိုင်ငံသည် တောင်မြောက်တန်းသော မြစ်များ တောင်တန်းများဖြင့် ဖွဲ့စည်းတည်ရှိသည်။ များသောအားဖြင့် မြောက်ဘက်သည် မြင့်မားပြီး တောင်ဘက်သို့ နိမ့်လျှောသွားတတ်သည်ကို အစွဲပြု၍ အထက်ဘက် နှင့် အောက်ဘက်၊ အညာ နှင့် အကြေ ဟု သုံးနှုန်းလာကြသည်။ အညာအရပ်မှာ မြောက်ဘက်ကျသောဘက်ကို ဆိုလိုသည်။ ဧရာဝတီမြစ် အထက်ဘက် ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ မြန်မာဓလေ့ရိုးရာတွင် အညာဓလေ့လွှမ်းမိုးမှု များစွာပါဝင်လေသည်။
Remove ads
ပြင်ပလင့်ခ်များ
ဝစ်ရှင်နရီရှိ အညာ အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads