အဋ္ဌိသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်လက္ခဏထေရ်၏ မေးလျှောက်ချက်အရ အရှင်မောဂ္ဂလ္လာန်ထေရ်က ဂိဇ္ဈကုဋ် တောင်အဆင်းတွင် အရိုးဆက်ပြိတ္တာကို တွေ့မြင်ခဲ့သဖြင့် ပြုံးမိကြောင်း ဘုရားရှင်ရှေ့တော်၌ ဖြေဆိုခြင်းကို အကြောင်းပြု၍ အရိုးဆက်ပြိတ္တာအကြောင်းကို ဟောပြသည့်သုတ်။
အဋ္ဌကထာ၌ -အရှင်လက္ခဏထေရ်နှင့် အရှင်မောဂ္ဂလ္လာထေရ်တို့ အကြောင်း၊ ပြိတ္တာသတ္တဝါကို ပသာဒစက္ခုဖြင့် မမြင်နိုင်ပုံ၊ ရဟန္တာပုဂ္ဂိုလ်များ အကြောင်းမဲ့ ပြုံးတော်မမူကြပုံ၊ ဘုရားရှင်ကို သက်သေထားပုံ၊ ပြိတ္တာတို့၏ ကိုယ်ခန္ဓာအကြောင်း၊ ထိုပြိတ္တာကို ဘုရားရှင်ကိုယ်တော်တိုင် ဗောဓိမဏ္ဍိုင်၌ မြင်တော်မူခဲ့ပုံ၊ ဂတိနိမိတ် အကြောင်း စသည်တို့ကို ဖွင့်ပြတော်မူပါသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads